Skip to main content

တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့ ဓာတုဗေဒဘာသာရပ်ကို နိုင်ငံခြားစာစစ်ဌာနများ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများတွင် ဖြေဆိုသူပေါင်း ၇၅၁၁၅၄ ဦးရှိ

နေပြည်တော် မတ် ၁၆

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို ယနေ့တွင် ဖြေဆိုကြရာ နိုင်ငံခြား စာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၆၃ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၇၈ ခုတွင် ဖြေဆိုသူပေါင်း ၇၅၁၁၅၄ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်တွင် ဖြေဆိုသူပေါင်း ၇၅၁၁၅၄ ဦးအနက် တစ်နိုင်ငံလုံး၌ ဆေးရုံဖြေဆိုသူ ၁၃၄ ဦး၊ အကြားအာရုံမသန်စွမ်းဖြေဆိုသူ ၁၅ ဦး၊ ကိုယ်အင်္ဂါ မသန်စွမ်းဖြေဆိုသူ ၁၃၃ ဦး၊ အကျဉ်းထောင်များတွင် ဝင်ရောက်ဖြေဆိုသူ ၆၄ ဦးနှင့် ကရင် ပြည်နယ် မြဝတီမှ ဝင်ရောက်ဖြေဆိုသူ ၁၁၁ ဦးရှိ ကြောင်း သိရသည်။

(သတင်းစဉ်)