နေပြည်တော် မတ် ၁၆
ချင်းပြည်နယ် ပလက်ဝမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် တပ်မတော်မှ ဆန်အိတ်များ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပလက်ဝမြို့ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ တပ်မတော်မှ လှူဒါန်းသည့် ဆန်အိတ် ၁၀၀ အား နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းရာ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လောဟာနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်