Skip to main content

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင် သတင်းထုတ်ပြန်ချက်

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက် ခွင့်ပြုသည့် ညွှန်ကြားချက်ထုတ်ပြန်ခြင်း

 

၁။         ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်သည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၉ ဖြင့် ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာ များနေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ ကို ထုတ်ပြန်ခဲ့ပါသည်။

၂။         ကော်မရှင်သည် အဆိုပါ အမိန့်ကြော်ငြာစာပါ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရန်ကုန် စတော့ အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ ရောင်းဝယ်မှုတွင် နိုင်ငံခြားသားများ ပါဝင် ဆောင်ရွက်ရာ၌ ရန်ကုန်စတော့အိပ်ချိန်းနှင့် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများက လိုက်နာ ဆောင်ရွက်ရန် အချက်များကို ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ဖြင့် ၆-၃-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ပြီး ဖြစ်ပါသည်။ အဆိုပါညွှန်ကြားချက်သည် ၂၀-၃-၂၀၂၀ ရက်နေ့တွင် စတင်အကျိုး သက်ရောက်မည် ဖြစ်ပါကြောင်းနှင့် စိတ်ပါဝင်စားသူ ပြည်တွင်းနေ နိုင်ငံခြားသား၊ ပြည်ပနေ နိုင်ငံခြားသားများသည် ရန်ကုန်စတော့ အိပ်ချိန်း၊ ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

(မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်)