နေပြည်တော် မတ် ၁၈
နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းသည် ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင်ပညာရေးမှူး ဒေါ်လှမျိုးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး၊ မြို့နယ်ပညာရေးမှူး ဦးစောသန်းထွန်းတို့နှင့်အတူ ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုလျက်ရှိသော ငန်းစပ် စာစစ်ဌာနနှင့် မင်းကုန်းစာစစ်ဌာနရှိ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှု အခြေအနေ၊ အေးချမ်းစွာ ဖြေဆိုနိုင်ရေး လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုခဲ့သည်။
ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် အမှတ် (၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ငန်းစပ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ တောင်ညိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းနှင့် မင်းကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန (၄) ခုတို့၌ ဇီဝဗေဒဘာသာရပ်ကို ကျောင်းသား (၃၁၉) ဦး၊ ကျောင်းသူ (၃၃၁) ဦး စုစုပေါင်း (၆၅၀) ဦး စာရင်းပေးသွင်းထားပြီး ဖြေဆိုသူ ကျောင်းသား (၃၁၅)ဦး၊ ကျောင်းသူ (၃၂၉) ဦး စုစုပေါင်း (၆၄၄) ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/သူ စုစုပေါင်း (၆) ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၉ ဒသမ ၁၈ ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား (၅၉၄) ဦး၊ ကျောင်းသူ (၆၉၃) ဦး စုစုပေါင်း (၁၂၈၇) ဦးစာရင်းပေးသွင်းထားပြီး ဖြေဆိုသူ ကျောင်းသား (၅၃၆) ဦး၊ ကျောင်းသူ (၆၅၆) ဦး စုစုပေါင်း (၁၁၉၂)ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/သူ စုစုပေါင်း (၉၅) ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၂ ဒသမ ၆၂ ရာခိုင်နှုန်း ဖြေဆိုကြောင်းသိရသည်။
အောင်ကို(ပြန်/ဆက်)