Skip to main content

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်၌ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်း

မိတ္ထီလာ မတ် ၁၈

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက်၌   မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်း များကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၉) အခြေခံ ပညာမူလတန်းကျောင်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ အောင်ဇေယျာရပ်ကွက် နယ်မြေ (၈)တွင် မတ်လ ၁၇ ရက်နေ့ နေ့လည် (၃)အချိန်က ထမင်းပေါင်းအိုးတည်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့၍ အိမ်ထောင်စု (၁၇)စု အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့၍ ၎င်းမီးဘေးသင့်အိမ်ထောင်စုများအား အမှတ်(၁၉) အခြေခံပညာမူလတန်းကျောင်း တွင် ယာယီထားရှိသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စုများကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၀၆၀၀၀ ကျပ်နှုန်းနှင့် လူသုံးကုန်ပစ္စည်း(၁၇)မျိုးပါ ပုံတစ်ပုံကို ပေးအပ်ခဲ့သည်။ ထိုအပြင် ရွှေအုန်းပင်ထမင်းဆိုင်မှ အိမ်ထောင်စုတစ်စုလျှင် အလှူငွေ (၅၀၀၀၀)ကျပ်နှုန်း ပေးအပ်လှူဒါန်းခဲ့ပြီး အောင်ကောင်းပြည့်ဆီဆိုင်မှ အိမ်ထောင်စုတစ်စုလျှင် ဆန် တစ်အိတ် ပေးအပ် လှူဒါန်းသည့်အပြင် ရေသန့်ဗူးကို နေ့စဉ် ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။ ၎င်းအပြင် မြို့နယ်အတွင်းရှိ စေတနာရှင်အလှူရှင်များကလည်း အလှူငွေများနှင့်အတူ  ဆန်အိတ် ၊ ဆီပုံ၊ အဝတ်အထည်များ လာရောက် ပေးအပ်လှူဒါန်းကြောင်း အောင်ဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေက ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(ခရိုင်ပြန်ဆက်)