Skip to main content

မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ [ Alliance of Myanmar's Worker and Farmer Party (A.M.W.F.P)]ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၇၁/၂၀၂၀)

၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်

(၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်)

မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ[ Alliance of Myanmar's Worker and Farmer Party (A.M.W.F.P)] ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ အင်းဝင်(၄)လမ်း၊ အမှတ် (၂၆၂၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မြန်မာနိုင်ငံအလုပ်သမား လယ်သမားပါတီ [Alliance of Myanmar's Worker and Farmer Party ( A.M.W.F.P)]ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ [ Alliance of Myanmar's Worker and Farmer Party (A.M.W.F.P)]၏ မှတ်ပုံတင် အမှတ်သည်(၁၂၆)ဖြစ်ပါသည်။

(လှသိန်း)

ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်