နေပြည်တော် မတ် ၁၈
ရန်ကုန်စီးပွားရေး တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်၌ ယနေ့စတင်ပြုလုပ် မည့် စာမေးပွဲအား COVID-19 ရောဂါကို စိုးရိမ်၍ ဖြေဆိုလိုခြင်းမရှိသည့် ကျောင်းသား ကျောင်းသူများအတွက် အစားထိုးစာမေးပွဲကို ဇွန်လဆန်းတွင် ကျင်းပရန် လျာထားကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန် တက္ကသိုလ်တို့မှ သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် ယနေ့စတင်ကျင်းပမည့် စာမေးပွဲကို မူလအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ကာ စာမေးပွဲဖြေဆိုလိုသော ကျောင်းသား ကျောင်းသူ အများစု၏ သဘောဆန္ဒအရ ပုံမှန်အတိုင်း ဆက်လက် ဖြေဆိုရမည် ဖြစ်ကြောင်း၊ စာမေးပွဲပြောင်းရွှေ့ဖြေဆိုလိုသော ကျောင်းသားများအနေဖြင့် မတ် ၁၈ နှင့် ၁၉ ရက်တို့တွင် ကျောင်းသားရေးရာဌာန၌ စာရင်းပေး သွင်းရမည်ဖြစ်ကြောင်း၊ စာမေးပွဲပြောင်းရွှေ့ဖြေဆိုလိုသော ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်အဆောင်တွင် နေထိုင်သူများဖြစ် ပါက မတ် ၂၀ ရက် နောက်ဆုံးထား၍ အဆောင်မှထွက်ခွာပြီး မိမိ နေရပ်သို့ ပြန်ကြရန်လည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်က အသိပေး ကြေညာထားကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ် အပါအဝင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမပညာသင် ကာလ စာမေးပွဲများကို ယနေ့ မတ် ၁၈ ရက်တွင် စတင်ဖြေဆိုလျက်ရှိပြီး COVID-19 ရောဂါကို စိုးရိမ်မှုရှိကြသော်လည်း ဖြေဆိုသူများပြားပြီး ပျက်ကွက်သူနည်းပါးကြောင်း သိရသည်။
ကေတာ