Skip to main content

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ပထမနှစ်ဝက် စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုသူ သုံးသိန်းကျော်ရှိ

နေပြည်တော်  မတ်  ၁၈

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပထမနှစ်ဝက် စာမေးပွဲများကို ယနေ့တွင် နိုင်ငံတစ်ဝန်း၌ကျင်းပရာ ဝိဇ္ဇာ/သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ စာရင်းရှိ ၃၀၇၇၅၂ ဦးအနက် ၂၉၉၄၆၃ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၈၂၈၉ ဦးနှင့် ပညာရေး ကောလိပ်များ၌ စာရင်းရှိ ၁၀၇၈၂ ဦးအနက် ၁၀၇၇၉ ဦး ဖြေဆိုသဖြင့် ပျက်ကွက် ၃ ဦး ရှိကြောင်း၊ နိုင်ငံတစ်ဝန်း တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၏ စုစုပေါင်းစာရင်းရှိ ၃၁၈၅၃၄ ဦးအနက် ၃၁၀၆၁၈ ဦး ဖြေဆိုကြပြီး ပျက်ကွက် ၈၂၉၂ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်