မုံရွာ၊ မတ် ၂၃
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများမှ ပူးပေါင်းပါဝင် လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ကိုရိုနာဗိုင်းရပ်(စ်)ရောဂါဟာဆိုရင် ၂၀၁၉-ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်က စတင်ပျံ့နှံ့နေနေပြီး ၂၂.၃.၂၀၂၀ ရက်နေ့အထိ တစ်ကမ္ဘာလုံးမှာ ရောဂါ ဖြစ်ပွား သူ (၂၆၇၀၁၃)ဦး၊ သေဆုံးသူ(၁၁၂၀၁)ဦးရှိသွားပြီ ကမ္ဘာ့နိုင်ငံပေါင်း(၁၈၄)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီ ဖြစ်ပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး ရောဂါ စောင့်ကြပ် ကြည့်ရှု ရေးနဲ့ ကာကွယ်နှိမ်နင်းရေး၊ ကုသရေးလုပ်ငန်းတွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်နေတဲ့ အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပိုင် သတင်းဝက်ဆိုဒ်နဲ့ လူမှုကွန်ယက်တွေ ကနေ အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်ပေးနေပါတယ်။ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ သံသယလူနာများတွေ့ရှိပါက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ် ရေးမှူးမှ စ၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသို့ အဆင့်ဆင့် သတင်းပို့ခြင်း များ လိုအပ်ပါကြောင်း၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ နဲ့ပတ်သက်ပြီး မပေါ့ဆဖို့နဲ့ အချိန်မရွေး၊ နေရာမရွေး တပြိုင်နက် တည်း အုံလိုက်ကျင်းလိုက် ဖြစ်နိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာလည်း ဒီ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ စောင့်ကြည့် ရေးလုပ်ငန်းတွေကို ကော်မတီဖွဲ့စည်းထားပြီးဖြစ်သလို တိုင်းဒေသကြီးအဆင့် Technical Working Group ကို ဖွဲ့စည်းပြီး အချိန်နဲ့တပြေးညီ ရောဂါကို စီမံခန့်ခွဲနိုင်အောင် တိုင်ဒေသကြီးအနေဖြင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အစိုးရနဲ့ပြည်သူ လက်တွဲညီညီဆောင်ရွက်မှသာလျှင် ထိရောက်စွာ ကာကွယ် နိုင်မှာဖြစ် ပါကြောင်း၊ ကြိုတင် ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ဝယ်ယူထောက်ပံ့နိုင်ရေးကိုလည်း ကြိုတင် ဆောင်ရွက် ထားရှိပြီးဖြစ် ပါကြောင်းနှင့် နယ်မြေဒေသအခြေအနေပေါ်မူတည်၍ ကူညီထောက်ပံ့ရေး လုပ်ငန်း များကို သက်ဆိုင်ရာဒေသမှ တာဝန်ရှိ သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မို့ မိမိတို့ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အတူ မိဘပြည်သူများကလည်းတက်အားသရွေ့ ဝိုင်းဝန်းပြီး ပါဝင်ကူညီ ဆောင်ရွက်ကြစေ လိုကြောင်း၊ မိမိဒေသအတွင်း ရောဂါဘယကင်းဝေးစေဖို့ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အလေးအနက်ထားပြီး ကူးစက်ရောဂါဖြစ်ပွားမှု လုံးဝ မရှိတဲ့နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ လုပ်ငန်း စဉ်တွေကို မိမိတို့ကစလို့ လိုက်နာဆောင်ရွက်ရင်း မိမိပတ်ဝန်း ကျင်ကိုပါ ဆက်လက် အသိပေးစေ လိုပါကြောင်းနှင့် တစ်ယောက်အားနဲ့သော်မရ တစ်သောင်းအားနဲ့သော်ရ၏ ဆိုတဲ့ အတိုင်း မိမိတို့အားလုံး လက်တွဲပြီး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အားလုံးပါဝင် ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက် တွန်း ပြောကြားသည်။”
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း က အမှာစကားပြောကြားပြီး စစ်ကိုင်း တိုင်းဒေသကြီး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဦးစီးမှူး ဒေါက်တာ လင်းလင်းအေး က ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ၏ အဓိက လက္ခဏာများ၊ ကူးစက် ဖြစ်ပွား မှုများသော နိုင်ငံများ အခြေအနေ၊ ရောဂါကူးစက်ပုံ၊ ကမ္ဘာတစ်ဝန်းလုံးတွင် ရောဂါဖြစ်ပွားမှု အခြေအ နေများ အကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းသုံး ပစ္စည်းများ အလှူရှင် ဦးမျိုးဝင်းလေး က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ မိမိတို့၏ လုပ်ဆောင်ချက်၊ လိုအပ်ချက်များကို ရှင်လင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အလှူ ရှင် ဦးမျိုးဝင်းလေး က ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ကို တိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာ ဇော်ဝင်ထံ သို့ လွှဲပြောင်းပေးအပ်ခဲ့ကာ တက်ရောက်လာကြသည့် တာဝန်ရှိသူများရဲ့ ဆွေးနွေး ပွဲမှ ရရှိလာတဲ့ ကောင်းမွန်တဲ့ရလဒ်တွေကို အသုံးချပြီး တိုင်းဒေသကြီးအတွင်းမှာ ဒီ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်း၊ကာကွယ်၊ ထိန်းချုပ်ကုသခြင်းလုပ်ငန်းတွေကို ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် က နိဂုံးချုပ် အမှာစကားပြောကြား ခဲ့ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)