Skip to main content

ပြည်ပသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွားလာမှုဆိုင်ရာ အကြံပြု

နေပြည်တော် မတ် ၂၃

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ပြည်ပမှကူးစက်မှုများ ကာကွယ် တားဆီးရေးအတွက်လည်းကောင်း၊ ခရီးသွားစဉ် မမျှော်လင့်သော ကန့်သတ်ချက်များနှင့် ကြုံတွေ့နိုင်ခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများ၊ အထူးသဖြင့် ရောဂါ ကူးစက်မှုမြင့်မားနေသည့်နိုင်ငံများသို့ မလွှဲမရှောင်သာကိစ္စများမှလွဲ၍ ခရီးသွားလာမှုရှောင်ရှားကြပါရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြံပြုထား သည်။

ထို့ပြင် မြန်မာနိုင်ငံသားများအနေဖြင့် မလွှဲမရှောင်သာ၍ ပြည်ပခရီးသွားရောက်ရန်ရှိပါက ခရီးမထွက်ခွာမီ သွားရောက်မည့်နိုင်ငံနှင့် ဖြတ်သန်းမည့် နိုင်ငံများမှ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုနောက်ဆုံး အချက်အလက်များကို သက်ဆိုင်ရာ နိုင်ငံခြားသံရုံးများသို့ဖြစ်စေ၊ မြန်မာသံရုံးများ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းကြရန်လည်း နှိုးဆော်ထားပြီး မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သူများအပေါ် အာဆီယံ နိုင်ငံများနှင့် အခြားပြည်ပနိုင်ငံအချို့က ခရီးသွားလာမှုနှင့်ပတ်သက်၍ ကန့်သတ်မှုများကို ဖော်ပြပါအတိုင်းချမှတ်ထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေးအကြံပြုထားသည်။

(သတင်းစဉ်)