တီးတိန်၊ မတ် ၂၇
ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနှင့်သစ်တောရေးရာ ဝန်ကြီး (တီးတိန်မြို့နယ် တာဝန်ခံ) ဦးမန်ဟင်းဒါလ်း၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ပြည်နယ်အဆင့်ဌာ ဆိုင်ရာ အကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ နံနက်၁၀ နာရီက ခွာဒိုခန်းမ၌ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်တာဝန်ခံ ဦးမန်ဟင်းဒါလ်းက ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေး၊ ထိန်းချုပ် နိုင်ရေး၊ပြည်နယ်အဆင့်ကော်မတီများနှင့် CSO များ၊လူမှုရေးအဖွဲ့အစည်းများ အင်အားစုစည်းပြီး ပူးပေါင်း ဆောင်ရွက်ကြရန်၊ မမှန်မကန် သတင်းများဖြန့်ချိပါက ထိရောက်စွာအရေးယူရန်၊ ပြည်နယ် အစိုးရမှ အနီးကပ်ဦးဆောင်ကြီးကြပ်မည် ဖြစ်ပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်ရန် ဆွေးနွေးသည်။
ဆက်လက်၍ လူမှုရေးဝန်ကြီး ဦ:ပေါင်လွန်းမင့်ထန်က ရောဂါတားဆီးနိုင်ဖို့ အရေးကြီးဆုံးမှာ နိုင်ငံခြား မှပြန်လာသည့်သူများ အဓိကနိုင်ငံတကာဝင်ပေါက်၊ ရိဒ်ဝင်ပေါက်၊ ကျီးခါးဝင်ပေါက်နှင့် မြို့နယ်တိုင်း အဝင်အထွက် များတွင် ကျန်းမာရေးစိစစ်ရန် ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများနှင့် လူငယ်များ၏ အင်းအားနှင့် ပူးပေါင်းပါဝင်ရန်၊ ပုဂ္ဂိုလ်ရေးမပါစေရန်၊ သတ်မှတ်ထားသည့်အတိုင်း မလိုက်နာပါက အရေးယူရန်၊ ဆန်၊ဆီ၊ဆားများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ရန်၊ ဆန်စျေး အဆမ တန် တက်ခြင်းမရှိစေဖို့ ကာကွယ်ရန်၊နိုင်ငံတော် အမျိုးသားကော်မတီ၏ လမ်းညွှန်မှုကို လိုက်နာရန် ဆွေနွေးသည်။
ထို့နောက် ပြည်နယ်အဆင့်၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ လုပ်ငန်းစီမံချက်များ အသီးသီး ရှင်းလင်းဆွေးနွေးပြီးတက်ရောက်လာသူများ၏ မေးမြန်းတင်ပြချက်များကို တာဝန်ရှိသူတို့က ရှင်းလင်း ဆွေးနွေးသည်။ ယင်းနောက် ချင်းပြည်နယ်အစိုးရမှ မြို့နယ်အတွက် ထောက်ပံငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)