Skip to main content

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အများပြည်သူများမှ အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေးအတွက် အသိပေးမေတ္တာရပ်ခံခြင်း

၁။ တစ်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) နှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအား နိုင်ငံတော်မှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါသည်။

၂။ ၎င်းအပြင် (၁၆-၃-၂၀၂၀) ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေတစ်ရပ် ထူထောင်ရာတွင် ပြည်သူလူထုအနေဖြင့် တတ်နိုင်သမျှ ပူးပေါင်းပါဝင်ထည့်ဝင် လှူဒါန်းသွားရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ကုမ္ပဏီများ၊ အသင်းအဖွဲ့များနှင့် ပြည်သူလူထုတစ်ဦးချင်းအနေဖြင့် တတ်အားသရွေ့ အလှူငွေများ ပါဝင်လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဘဏ်များတွင် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည် -

(က) မြန်မာ့စီးပွားရေးဘဏ် - မြန်မာကျပ်ငွေစာရင်းအမှတ် - CF 004880

   နိုင်ငံခြားငွေစာရင်းအမှတ် - EDN 600010

( ခ) ကမ္ဘောဇဘဏ် - မြန်မာကျပ်ငွေစာရင်းအမှတ် - 034 103 034 0232 8301

နိုင်ငံခြားငွေစာရင်းအမှတ် - 034 109 034 0232 8301

( ဂ) ဧရာဝတီဘဏ် - မြန်မာကျပ်ငွေစာရင်းအမှတ် - A/C 000 110 501 002 5635

နိုင်ငံခြားငွေစာရင်းအမှတ် - A/C 000 110 503 000 0425

(ဃ) CB ဘဏ် -       မြန်မာကျပ်ငွေစာရင်းအမှတ် - 0093 1005 0000 1333

နိုင်ငံခြားငွေစာရင်းအမှတ် - 0993 1012 0000 2957

၄။ ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများ/ စက်ကိရိယာများအား လှူဒါန်းလိုပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံးများ၊ နီးစပ်ရာပြည်သူ့ဆေးရုံကြီးများ၊ ဆေးရုံများသို့ တိုက်ရိုက် ဆက်သွယ်လှူဒါန်းနိုင်ကြပါသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ