သေဆုံးတဲ့နှုန်းများတဲ့အုပ်စုကို ပြန်ကြည့်တဲ့အခါမှာကျတော့ အသက် ၇၀ ကျော်တယ် အမျိုးသားနဲ့ အမျိုးသမီးဆို အမျိုးသားက ပိုပြီးတော့များတယ်
ဒေါက်တာသန်းနိုင်စိုး
COVID-19 အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ထိခိုက်လွယ်တဲ့လူတွေကို ရောဂါပိုးကူးစက်မှုကနေ ဘယ်လိုကာကွယ်မလဲ အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင်လွင်၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး၊ ရုပ်ရှင် ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ တေးသံရှင် တင်ဇာမော်၊ စာရေးဆရာ မိုးနီလွင်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဒေါက်တာခင်မောင်လွင်
ကျွန်တော်တို့ ဒီအပိုင်းမှာတော့ COVID-19 နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ထိခိုက်လွယ်တဲ့လူတွေကို ဘယ်လို ရောဂါပိုးကူးစက်မှုကနေ ကာကွယ်ရမလဲ၊ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးမှာဖြစ်ပါတယ်။ ဆရာ ဦးသန်းနိုင်စိုးကပဲ စပြီးတော့ ရောဂါထိခိုက် လွယ်တဲ့လူတွေ ဘယ်သူတွေလဲ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဘယ်လို ကာကွယ်ပေးနေသလဲဆိုတာ ဝန်ကြီးဌာန အဆင့်အနေနဲ့ နည်းနည်းပြောပြစေချင် တယ်။
ဒေါက်တာသန်းနိုင်စိုး
COVID-19 ကတော့ ထိခိုက်လွယ်တဲ့ လူတွေနဲ့ ပတ်သက်ပြီး အရင်ဆုံးကတော့ ရောဂါရနိုင်တဲ့အပိုင်း ဖြစ်ပါတယ်။ Novel ဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်မျိုးစိတ်အသစ် ဆိုတော့ ကမ္ဘာပေါ်မှာ မည်သူတစ်ဦး တစ်ယောက်ပေါ်မှာမှ ဒီဟာနဲ့ပတ်သက်တဲ့ ကိုယ်ခံအား Acquired Immunity လို့ ခေါ်တာပေါ့။ ဒီရောဂါရဖို့ကတော့ အားလုံး မှာ Chance ရှိတယ်။ မြန်မာနိုင်ငံကလူမို့ လို့ မရတာလည်း မရှိပါဘူး။ ကျွန်တော်တို့ ဆီက လူတွေလည်း အတူတူပါပဲ။ ကမ္ဘာ့နိုင်ငံ သူ နိုင်ငံသားအားလုံးနဲ့ အတူတူရဖို့ Chance ရှိတယ်။
ပြန်ကြည့်လိုက်တဲ့အခါ လူငယ်လူရွယ် တွေမှာဖြစ်ရင် ပြန်ပြီးတော့ ကောင်းတဲ့ဟာ များတယ်။ နောက်ပြီးတော့ သေဆုံးတဲ့ နှုန်းများတဲ့အုပ်စုကို ပြန်ကြည့်တဲ့အခါ မှာကျတော့ အသက် ၇၀ ကျော်တယ်။ အမျိုးသားနဲ့ အမျိုးသမီးဆို အမျိုးသားက ပိုပြီးတော့များတယ်။ နောက်ပြီး Comorbid Condition လို့ ခေါ်တယ်။ နဂိုကတည်းက အဆုတ်သိပ်မကောင်းတာတို့။ ဒါကြောင့်မို့ လို့ ကျွန်တော်တို့က ဆေးလိပ်မသောက်ဖို့ ပြောတာပါ။ Chronic Smoker တွေ အဆုတ် မကောင်းတဲ့အခါကျတော့ ပိုပြီးတော့ ထိခိုက် တယ်။ နောက် ဆီးချိုရောဂါရှိမယ်။ နောက် တစ်ခါ သွေးတိုးရောဂါကြောင့် ကျောက်ကပ် တို့၊ ဘာတို့ ထိခိုက်နေတဲ့ဟာပေါ့။ Target Organ တွေ ထိထားတဲ့လူတွေ။ အဲဒီလူတွေ က ဖြစ်လာတဲ့အခါကျရင် ဗိုင်းရပ်စ်ကြောင့် ရလာတဲ့ Stress ပေါ့။ ဗိုင်းရပ်စ်ကြောင့် အမျိုး မျိုးဖြစ်တယ်။ Direct ဗိုင်းရပ်စ်ကြောင့် အဆုတ် ထဲမှာ Injury ရသလို ခန္ဓာကိုယ်ရဲ့ Immune System က ဗိုင်းရပ်စ်ကို ပြန်ပြီးတုံ့ပြန်တဲ့ဟာ တွေကြောင့် Injury တွေ ရတယ်။ နှလုံးတွေ၊ ဘာတွေ ရုတ်တရက်ရပ်သွားတယ်။ Most Vulnerable အုပ်စုကတော့ အသက်အရွယ် ကြီးမယ်၊ အမျိုးသားဖြစ်မယ်။ ဆီးချို၊ နှလုံး၊ သွေးတိုး၊ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ နာတာရှည် Chronic Smoker တွေ။ ဒီလူတွေ ကတော့ ပိုပြီးတော့ အန္တရာယ်ရှိပြီးတော့ ပိုသေဆုံးတာကို တွေ့ရပါတယ်။
ဒေါက်တာခင်မောင်လွင်
ဆရာထူးပိုင်ဇော်ဦးက သည်းထိတ်ရင်ဖို ဇာတ်ကားတွေ ရိုက်နေတာပါ။ ဒီနေရာမှာ သည်းထိတ်ရင်ဖိုက ပြည်သူလူထုအနေနဲ့ ကျတော့ တကယ်ဖြစ်နေတာ။ ပိုးလာတော့ မလား၊ မလာတော့ဘူးလားဆိုတဲ့ သည်းထိတ် ရင်ဖိုက ဇာတ်လမ်းထက် ပိုပြီးခံစားရတယ်။ ဒါပေမယ့်လို့ ဒီလို သည်းထိတ်ရင်ဖိုဖြစ်နေတဲ့ အနေအထားကနေပြီးတော့ လက်တွေ့ Action ဒီလိုပြောင်းလဲလိုက်ရင်တော့ အလုပ်တွေနဲ့ ကြောက်ရွံ့ထိတ်လန့်မှုလေးတွေ လျော့ပါး သွားနိုင်စရာတော့ ရှိပါတယ်။ ဆရာဝန် တစ်ယောက်အနေနဲ့ရော ပြောစရာရှိတာ လေးတွေ နားထောင်ကြည့်ရအောင်။
ဒါရိုက်တာ ထူးပိုင်ဇော်ဦး
အဓိကကတော့ COVID-19 က စဖြစ်နေ တာကတော့ ဒီဇင်ဘာလ ၂၀၁၉ ကတည်းက ပေါ့။ ဒီနိုင်ငံမှာလည်း ပိုပြီးကျယ်ကျယ်ပြန့်ပြန့် စပြီး ပိုပြီးသတိထားမိတယ်။ Focus လုပ်ဖြစ် တာကတော့ ဒီလပိုင်းမှာ ဖြစ်ပါတယ်။ အဲဒီ အချိန် မှာ ကိုယ်တိုင်က လူစုလူဝေးနဲ့လုပ်ရတဲ့ အလုပ်ကို လုပ်နေရတယ်။ ရုပ်ရှင်ရိုက်ကွင်း တွေဖြစ်တဲ့အတွက် ကျန်းမာရေးအဖွဲ့အစည်း တွေက တရားဝင်ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ကိုယ့်ဘက်ကလည်း တတ်နိုင်သလောက် လိုက်နာရတယ်။ ဘယ်လို မျိုးလိုက်နာရသလဲဆိုတာကတော့ အဓိက ကတော့ ရိုက်ကွင်းတွေမှာ ကျွန်တော်တို့ Hand Gel၊ အရက်ပြန် ထားပေးထားတယ်။ အခုရက်ပိုင်းဆို ပိုပြီး ကျွန်တော်တို့ နောက်ထပ် စနစ်တစ်ခုအနေနဲ့ ရိုက်ကွင်းလာရင် အဖျား တိုင်းတယ်။ နည်းနည်းဖျားနေတဲ့၊ ချောင်းဆိုး တဲ့ လူတွေဆိုရင် ကျွန်တော်တို့ ရိုက်ကွင်း ကနေ ပြန်ခိုင်းတာတို့ ကိုယ်တတ်နိုင်တဲ့ ဘောင်ထဲကနေ ကိုယ်ကျင်လည်နေတဲ့ အဖွဲ့ အစည်းမှာ ဒီရောဂါ ပျံ့နှံ့တာမျိုး၊ အန္တရာယ် ရှိတဲ့ အပြုအမူမျိုးမဖြစ်အောင် ကျွန်တော်တို့ ဘက်က လုပ်ရတယ်။ အသိပညာပေးရ တယ်။ ကိုယ်ကိုယ်တိုင်က အခုလက်ရှိမှာ ဆရာဝန်တော့ မလုပ်တော့ဘူး။ ရုပ်ရှင် ဒါရိုက်တာ လုပ်နေတယ် ဆိုပေမယ့်လည်း ကျန်းမာရေးဆိုတာက တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ကိုယ်တိုင်လည်း မသိသေးတဲ့ သူတွေ ရိုက်ကွင်းမှာပဲဖြစ်ဖြစ်၊ အိမ်က မိဘ တွေပဲဖြစ်ဖြစ် လူနေထူထပ်တဲ့နေရာတွေ ရှောင်ဖို့၊ လက်ကို မှန်မှန်ဆေးဖို့ ကိုယ်တတ် နိုင်တဲ့ ဘောင်ထဲကနေ အသိပေးတာတွေ လုပ်ဖြစ်တယ်။ အခုဆို လူစုလူဝေးနေရာ လေးတွေက ပိတ်သွားပြီ။ ရုပ်ရှင်ရုံတွေ၊ ပွဲလမ်းသဘင်တွေ ပိတ်တာရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရိုက်ကွင်းမှာဆို လူအုပ်စုနဲ့ရိုက်ရတဲ့ ဇာတ်ဝင်ခန်းလေး တွေ ရက်ရွှေ့ထားတယ်။ ဒီအခြေအနေတစ်ခု ကို စောင့်ပြီး ပြန်ရိုက်ဖို့ စီစဉ်ရတယ်။ ဒါ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ တတ်နိုင် သလောက် ကာကွယ်တဲ့အပိုင်းကနေ ပါနိုင် သလောက်ကို ဝင်ပြီးတော့ ပူးပေါင်းတဲ့ သဘောပါ။
ဒေါက်တာခင်မောင်လွင်
အဆိုတော် တင်ဇာမော်က ပြည်ပမှာ နေနေတော့ ပြည်ပမှာရော Show ပွဲတွေ ပိတ်ထားသလား သိချင်ပါတယ်။
အဆိုတော် တင်ဇာမော်
ကျွန်မက လန်ဒန်မှာနေတာပါ။ ဇန်နဝါရီ တစ်လလုံးနီးပါး အဲဒီမှာနေခဲ့တာ။ ဖေဖော်ဝါရီလလယ်လောက်အထိဆို တော့ အဲဒီမှာ သတိထားမိတာက အဲဒီအချိန် တုန်းကတော့ အင်္ဂလန်ကို ရောက်မလာသေးဘူး။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ မြန်မာ ပြည်ကို ပြန်လာခဲ့တဲ့အချိန်ထိ အင်္ဂလန်မှာ ဘာမှ Action ယူသံလည်း မကြားရဘူး။ အားလုံးကလည်း အေးအေးဆေးဆေးပဲ။ သတင်းတွေကို ကြည့်မယ်ဆိုရင်လည်း အိမ်ကလူကလည်း အိမ်ထဲကနေ၊ အလုပ်လုပ်နေတဲ့သူကလည်း အလုပ်ထဲကနေပြီး တော့ ဆိုရှယ်မီဒီယာတွေပေါ်ကနေပြီးတော့ သတင်းကို အားလုံးက နားစွင့်နေကြတယ်။ ကြည့်နေကြတယ်။ ကျွန်မကိုယ်တိုင်လည်းပဲ အိမ်မှာနေနေပေမယ့်လည်း သတင်းကို အမြဲတမ်းစောင့်ကြည့်ဖြစ်တယ်။ စိုးရိမ်တာပေါ့။ စပြီးတော့ တွေ့တဲ့နေရာကလည်း တရုတ် နိုင်ငံကနေ စတွေ့တော့ ကိုယ့်ရဲ့ မွေးရပ်ပြည် မြန်မာပြည်နဲ့လည်း နီးတယ်။ အဲဒီအချိန်တုန်းကတည်းက စိုးရိမ်နေရတာ။ စိုးရိမ်နေရပြီးတော့ ကိုယ်ကိုယ်တိုင် မြန်မာပြည်ပြန်ရမယ်ဆိုတဲ့အချိန်က အလုပ်အတွက် ပြန်ရတော့ မကြောက်ပါဘူး။ ပြန်လာခဲ့ပါတယ်။ ဒီမှာလည်း မေမေ ရှိတော့ မေမေနဲ့လည်း အတူတူနေရမယ်။ သူ့အနားမှာလည်း နေရမယ်ဆိုတဲ့ စိတ်လည်းရှိတယ်။
ပြန်လာပြီးတော့ တဖြည်းဖြည်းနဲ့ သတိ ထားမိတယ်။ ပိုပိုပြီးတော့ ဆိုးလာတယ်။ အခုဆိုရင် မိသားစုက လန်ဒန်မှာ။ သူတို့ တွေ ကျောင်းစပိတ်တော့မယ် ကြားတယ်။ အမျိုးသားကဆိုရင်လည်း Food Retail က မန်နေဂျာတစ်ယောက်ဖြစ်နေပါတယ်။ သူတို့ အခုလောလောဆယ် သူတို့ဈေးဝယ်တဲ့သူတွေ Panic Buyer အလွန်များတော့ သူတို့ အတော် ပင်ပန်းတယ်။ နောက်ပြီးတော့ ခွင့်သွားပြီး ပြန်လာတဲ့သူတို့နဲ့အတူ လုပ်ဖော်ကိုင်ဖက်တွေ ထဲက သေသေချာချာ Quarantine မလုပ်ဘဲနဲ့ လွတ်ထွက်လာသူတွေလည်း ရှိတယ်။ ရှိလို့ လည်း အလုပ်ထဲပြန်ဝင်လာလို့ အလုပ်ထဲ ရောက်ပြီးတော့မှ ဒီ COVID-19 ရှိနေတာကို သိရတယ်။ အားလုံးကလည်း ထိတ်လန့်နေကြ တယ်။ သူ့ရဲ့အတွေ့အကြုံပြောပြတော့ အိမ်မှာ ကလည်း ကလေးနှစ်ယောက်ဆိုတော့ သူက သယ်ဆောင်လာသူလည်း ဖြစ်နိုင်တာပဲလေ။ ကိုယ်က အဝေးမှာရှိနေပေမယ့်လည်း မတတ် နိုင်တော့ဘူး။ ဒါက ကမ္ဘာပေါ်မှာ အားလုံး ရင်ဆိုင်နေရတဲ့ အခက်အခဲလိုဖြစ်နေတော့ ပြန်စဉ်းစားကြည့်မိရင် မိသားစုက လေးယောက်၊ ငါးယောက်မှာ နှစ်ဖွဲ့ဖြစ်နေ တယ်။ ဟိုမှာတစ်ဖွဲ့၊ ဒီမှာတစ်ဖွဲ့ဖြစ်နေ တယ်။ အားလုံး လောလောဆယ်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆရာကြီးတို့ပြောသွား သလိုပဲ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ် မလဲ၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ဘယ်လောက်ထိ ကိုယ်က ကူညီပြီးတော့ ကာကွယ်ဖို့ တွန်းအားပေးမလဲ။ ဒါကိုပဲ အာရုံ ပြုပြီးတော့ လောလောဆယ်မှာတော့ နေရ တာပေါ့။
ကျွန်မအနေနဲ့ကတော့ Show ပွဲတွေ၊ လူစုလူဝေးတွေနဲ့ လုပ်ရမယ့် ပွဲလမ်းသဘင်တွေကို အတတ်နိုင်ဆုံးပေါ့လေ။ ဆေးမတွေ့မချင်း၊ ရောဂါအခြေအနေ ကူးစက်မှုနှုန်း နိမ့်ကျမသွားမချင်း အားလုံး ဂရုတစိုက်နဲ့ ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ကြသင့်တယ် လို့ ထင်ပါတယ်။ ဒါမှလည်း တစ်ယောက်နဲ့ တစ်ယောက် ကာကွယ်ပေးရာ၊ ချစ်ရာ၊ လေးစားရာရောက်မယ်လို့ ထင်ပါတယ်။
ဒေါက်တာခင်မောင်လွင်
လူတွေက စိုးရိမ်စိတ်တွေရှိတယ်။ ဒီမှာလည်း စိုးရိမ်စိတ်တွေရှိတယ်။ စိုးရိမ်တာက သက်သက်၊ လုပ်ရမယ့် အလုပ်တွေက သက်သက်ရှိတယ်။ အထူးသဖြင့်က ထိခိုက် လွယ်တဲ့သူတွေကို ကျွန်တော်တို့ ဘယ်လို ကာကွယ်မလဲ။ ဘယ်နေရာတွေမှာ ကာကွယ် မလဲ။ ဘဝရဲ့ ဇာတ်ညွှန်းအနေနဲ့ဆိုရင် ဆရာ မိုးနီလွင် ဘယ်လိုမြင်မလဲ။
စာရေးဆရာ မိုးနီလွင်
ကျွန်တော်က စာရေးဆရာဆိုတော့ ဖေ့စ်ဘုတ်ပေါ်မှာ သတင်းကို အမြဲစောင့်ဖတ်နေတယ်။ လူတွေရဲ့ စိတ်ကို လိုက်ဖတ်နေတယ်။ အဓိကအားဖြင့် ကျွန်တော်တို့က ကျန်းမာရေးအသိပညာရှိတဲ့ လူတွေဘက်ကို မပူဘဲနဲ့ သာမန်လူတန်းစား၊ နေ့စဉ်နဲ့အမျှ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ လူတန်းစား တွေကူးခဲ့ရင်၊ ကူးဖို့လည်း Chance က ပိုများတယ်။ အပြင် နေ့တိုင်းထွက်နေရတာ။ ကျွန်တော်က စာရေးဆရာဆိုတော့ တတ်နိုင် သလောက် အစကတည်းက Awareness ရှိအောင် လုပ်ပေးနေရတယ်။ သူတို့ဆီမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ ကျွန်တော်က သာမန်ပြည်သူဘက်ကနေပြီးတော့ ပြောကြည့် တာပါ။ ပြောကြည့်တယ်ဆိုတဲ့အခါ ဗိုင်းရပ်စ် နဲ့ ဗက်တီးရီးယားဆိုတာတောင် သူတို့ ကွဲပြား သိတာမဟုတ်ဘူး။ ဗက်တီးရီးယားဆိုရင် ကျွန်တော်တို့ Antibiotic တို့၊ ဘာတို့ ပေးလို့ ရတာရှိတယ်။ ဒါပေမယ့် ဗိုင်းရပ်စ်မှာ မရှိဘူး။ မရှိတဲ့အပြင် ဒီဗိုင်းရပ်စ်က အခုမှစတဲ့ဗိုင်းရပ်စ် ဆိုတော့ ကိုယ်ခံအားမရှိဘူး။ အဲဒီလောက် နားလည်ဖို့က လုံး၀ကိုဝေးနေတယ်။ သူတို့ကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး Awareness ရှိဖို့ ဘယ်လိုလုပ်ရမလဲ။ ပထမ ခြောက်ကြည့် လိုက်တယ်။ ဒါက ဖြစ်ရင်သေမယ်။ ပြီးတော့ Panic Buying ဖြစ်သွားပြန်တော့ ကိုယ်က ပြန်လျှော့ရပြန်တယ်။
အခုဆို နိုင်ငံပေါင်းစုံမှာလည်း အတော် ကြီးဖြစ်လာပြီ။ သူတို့မှာလည်း အလွန်ဆိုး တဲ့အခါကျတော့ Awareness ကတော့ တော်တော်ရှိလာပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် အခု ပြည်သူတွေကို အဓိကအားဖြင့် ကူးစက်ခြင်း ဘာ့ကြောင့်အန္တရာယ်ကြီးသလဲ၊ သေတယ်ဆိုတာထက်ကို ရောဂါရဲ့ Process ကို သူတို့နားမလည်တာ။ နားမလည်တာက နေမကောင်းတဲ့သူကိုပဲ ဂရုစိုက်ကြတယ်။ တစ်ခုခု ချောင်းဆိုးတို့၊ ဘာတို့ ဖြစ်မှလို့ ထင်ကြတယ်။ ဒါပေမယ့် လူကောင်းပကတိ ကနေပြီးတော့လည်း Carrier ဖြစ်သွားနိုင် တယ်ဆိုတာ သာမန်ပြည်သူတွေ မသိကြ သေးဘူး။ လူကောင်းတွေ အချင်းချင်းပဲ စကားပြောတယ်၊ ထိတယ်၊ တို့တယ်၊ ပွေ့တယ်၊ ဖက်တယ်၊ ရတယ်လို့ပဲ ထင်နေ ကြတယ်။ အမှန်က ဒီအချိန်မှာ ကူးသွား နိုင်တယ်ဆိုတာ ကျွန်တော်တို့ များများ ပြောပေးရမယ်လို့ ထင်တယ်။ ပျံ့နှံ့မှုကို နည်းအောင်လုပ်ရပါမယ်။ အဲဒါကြောင့် ရုပ်ရှင်ရုံတွေပိတ်တာ။ ကျွန်တော် အဓိက နားလည်တာက Window Period ဆိုတဲ့ ဟာကို သူတို့ နားမလည်ဘူး။ Window Period ဆိုတာကို ပြည်သူတွေ နားလည် အောင် ပြောသင့်တယ်လို့ ထင်တယ်။ ကျွန်တော် အခု လူတွေကို ခြောက်တာက တော့ ဒီတစ်ယောက်ဖြစ်လာပြီဆိုတာ Positive သိသွားပြီးတဲ့အချိန်မှာ သူက လူတစ်ရာလောက်ကို ကူးပြီးသွားပြီ။ ဒီ Process ကို သိအောင်ပြောမှပဲ လူတွေက ကြောက်မှာပါ။
မှတ်တမ်း- စန္ဒာမင်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ရဲသူရအောင် (ပြန်/ဆက်)
(ဆက်လက်ဖော်ပြပါမည်)