နေပြည်တော် စက်တင်ဘာ ၆
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)ကို ပါဝင်တက်ရောက်ကြသည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် အဆိုပါ နိုင်ငံအလံများကို International Space Station(အာကာသ)တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၇ ရက်တွင်ပြုလုပ်မည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အာမေးနီးယားနိုင်ငံဝန်ကြီးချုပ် Mr. Nikol Pashinyan ၊ မွန်ဂိုလီးယား နိုင်ငံ ဝန်ကြီးချုပ် Mr. Luvsannamsrain Oyun-Erdene တို့ တက်ရောက်မည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ ကွန်ဂရက်ဥက္ကဋ္ဌ Mr. Li Zhanshu လည်း ပါဝင်တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဂုဏ်ပြုချိတ်ဆွဲထား
အဆိုပါ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum- 2022) ၏ မျက်နှာစုံညီ အစည်းအဝေး Plenary Session သို့ တက်ရောက်ကြမည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသောအားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံ၊ တရုတ်နိုင်ငံတို့၏ အလံများကို International Space Station တွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ချိတ်ဆွဲဂုဏ်ပြုထားရာတွင် နိုင်ငံ့အလံများအား ကမ္ဘာကိုနောက်ခံပြုကာ ထင်ရှားစွာတွေ့မြင်နိုင်ရေး ဂုဏ်ပြုချိတ်ဆွဲထားကြောင်း သိရသည်။
သတင်းစဉ်