Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putinနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ  ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Vladimir Vladimirovich Putin တို့သည် ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်း ၁ နာရီ ၃၀ မိနစ်မှ ၂ နာရီ ၅၀ မိနစ် အထိ ၁နာရီ ၂၀ မိနစ်ကြာသည်အထိ  ဗလာဒီဗော့စတော့ခ်မြို့၊ FEFU Campus အတွင်း၌  တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြီးအကဲတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံရေးနှင့် နိုင်ငံတကာအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။