Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နှစ်သစ်ကူးဆုမွန်

မိဘပြည်သူများနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်အခါသမယမှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ။ ၁၃၈၁ ခုနှစ်ကို ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီကာလအတွင်းမှာ မိဘပြည်သူများ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအနေနဲ့ ဖြတ်သန်းခဲ့တဲ့ဖြစ်စဉ် ပေါင်းများစွာထဲမှာ အောင်မြင်တာတွေရှိသလို စိန်ခေါ်မှုတွေလည်း ရှိကြပါတယ်။ နှစ်ကုန်ခါနီးမှာတော့ မမျှော်လင့်ဘဲနဲ့ Coronavirus (COVID-19) ရောဂါ ပြဿနာတစ်ခု ကျွန်တော်တို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီရောဂါကပ်ဘေးကြီးကိုတော့ မိဘပြည်သူ များနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေပြီး ကျော်လွှားနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မိဘပြည်သူများရဲ့ စည်းကမ်းတကျ နေထိုင် လုပ်ဆောင်မှုဟာ ဒီကပ်ဘေးကျော်လွန်မှုအတွက် အထောက်အကူရလိမ့်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။

၁၃၈၂ ခုနှစ် နှစ်သစ်အခါသမယမှာ မိဘပြည်သူများအားလုံး သောကခပ်သိမ်း ချုပ်ငြိမ်းကြပါစေ၊ မောဟခပ်သိမ်းချုပ်ငြိမ်းကြပါစေ၊ ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်စုံကြပါစေလို့ ကျွန်တော်ထပ်မံ ဆုတောင်းအပ်ပါတယ် ခင်ဗျာ။