မုံရွာ သြဂုတ် ၄
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်၊ မုံရွာခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် (၈)နာရီက မုံရွာမြို့နယ်အတွင်း ရေဝင်ကျေးရွာများသို့ သွာရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်ကြီးတောကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သည့် အိမ်ထောင်စု (၃၀) အတွက် ဆန်ဖိုးငွေကျပ် ၃၀၀၃၀ဝိ၊ နှာခေါင်းစည်း ၁၄၃ ခု၊ ဆပ်ပြာ ၃၀ တောင့်ကိုလည်းကောင်း၊ မြေနဲကျေးရွာ အိမ်ထောင်စု (၁၉၉)စုအတွက် ဆန်ဖိုးငွေကျပ် ၂၄၉၉၀ဝိ၊ နှာခေါင်းစည်း ၁၁၉ ခု၊ ဆပ်ပြာ ၂၆ တောင့်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရေလျှံဝင်ရောက်သည့် ကမ်းနီမချောင်းအား ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေလမ်းကြောင်း ပြန်လည်တူးဖော်ရေးတို့အတွက် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်ပြီး အောင်သာကျေးရွာတွင် အိမ်ထောင်စု (၁၈၇)စုအတွက် ဆန်ဖိုးငွေကျပ် ၁၉၆၃၅၀ဝိ၊ နှာခေါင်းစည်း ၉၃၅ ခု၊ ဆပ်ပြာ ၁၈၇ တောင့်နှင့် ဒဏ်ရာရသူ(၁)ဦးအတွက် ငွေကျပ် ၅၀၀၀ဝိ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဗောဓိတထောင်-ကျောက္ကာ လမ်းဘေးရှိ ကမ်းနီမချောင်း ကျောက်စီမြေထိန်းနံရံ (၂၀၀)ပေ တည်ဆောက်ပြီးစီးမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ ထွန်းကိုကို(ယင်းမာပင်)