Skip to main content

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် မေးခွန်းရှင် ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဩဂုတ် ၄

အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီသည် မေးခွန်းရှင် ကိုယ်စားလှယ် များနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအား ဖိတ်ကြား၍  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယအကြိမ်၊ အမျိုးသားလွှတ်တော်၊ ပထမပုံမှန် အစည်းအဝေးမှ (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် မေးခွန်းများနှင့်စပ်လျဉ်း၍ ကတိကဝတ်စာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ကော်မတီအဖွဲ့ဝင်များက မေးမြန်းဆွေးနွေး၍ ပေါင်းစပ်အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင်များ၊ မေးခွန်းရှင်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)