နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး ရေးဆွဲညှိနှိုင်းစိစစ်ပြီးဖြစ်သည့် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ” ကို ကော်မရှင်အဖွဲ့ဝင်များက အတည်ပြုလက်မှတ်ရေးထိုးနိုင်ရန် တင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အတည်ပြုလက်မှတ်ရေးထိုးထုတ်ပြန်သည်။
ထို့နောက် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသော အထွေထွေကိစ္စရပ်များကို အဖွဲ့ဝင်များက ဆွေးနွေးတင်ပြကြပြီး ကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။