မြန်မာနိုင်ငံတွင် မြို့ပြနေလူဦးရေသည် ၃၀ ရာခိုင်နှုန်းရှိပြီး ကျေးလက်နေ လူဦးရေသည် ၇၀ ရာခိုင်နှုန်းရှိသည်။ ကျေးလက်နေပြည်သူလူထုသည် အများစုဖြစ်သော်လည်း ခေတ်မီတိုး တက်မှုကဏ္ဍများက ရှေ့တန်းရောက်သဖြင့် ကျေးလက်နေပြည်သူတို့၏ ဘဝအခြေအနေ များမှာ မထင်မရှားနှင့်မှုန်ဝါးနေသည်။ အများစုနေထိုင်သော ကျေးလက် ဒေသများ ဖွံ့ဖြိုးတိုး တက်လာမှ သာ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုသည် ထင်ရှားပေါ်လွင်လာမည်ဖြစ်သည်။
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသား စီမံကိန်းကော်မရှင် (၁/၂၀၂၃) အစည်း အဝေးတွင် “လူအများစု နေထိုင်ကြသည့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုး တက်လာမှ ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာပြီး မြို့ပြနှင့် ကျေးလက် ကွာဟချက်များ လျော့ကျလာနိုင်မည် ဖြစ်သည့်အပြင် တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုများ ရရှိခံစား နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နေရာဒေသမရွေး တစ်ဦးတစ်ယောက်မှ နောက်ကျမကျန်စေရေးအတွက် ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး ဟန်ချက်ညီမျှတ ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ကျေးလက်ဒေသ၏ အသက်မွေးဝမ်းကျောင်းဖြစ်သည့် စိုက်ပျိုး မွေးမြူရေးကို အခြေခံပြီး ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာအောင် မြှင့်တင်အားပေးဆောင်ရွက် ပေးလျက်ရှိသည်။ နိုင်ငံတော်က ချမှတ်အကောင် အထည်ဖော်နေသည့် စီးပွားရေး ဦးတည်ချက်တွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီ နည်းစနစ် များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက် အောင် တည်ဆောက်ရေး”နှင့် “တိုင်းပြည်သာယာဝ ပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး” တို့ကို အကောင် အထည်ဖော်လျက်ရှိသည်။
နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ စွမ်းအား ပြည့်လည် ပတ်နိုင်ရေးသည် အရေးကြီးသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း များ အားကောင်း လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ပြီး ကုန်ထုတ်လုပ်မှုကွင်း ဆက်တစ် လျှောက် တိုးတက်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ကျေးလက်အခြေခံ စီးပွားရေးဖြစ် သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို သမားရိုးကျ ဆောင်ရွက်နေသည့်ပုံစံမှ ခေတ်မီနည်းစနစ်များဖြင့် သွင်းအားစုများကို ထိရောက်စွာ အသုံးပြုပြီး အထွက်တိုးအောင် ကြိုးစားကာ ကျေးလက်ပြည်သူများ ဝင်ငွေတိုးအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကောင်းမွန်သော အခြေခံအဆောက်အအုံ များသည် အထောက် အပံ့ဖြစ်သည်။ ဒေသတစ်ခုနှင့်တစ်ခုကြား ဆက်သွယ်မှု လွယ်ကူမြန်ဆန်ပြီး ဒေသတွင်း နှင့်ဒေသများကြား ကွာဟချက်များကို လျှော့ချနိုင် မည်ဖြစ်၍ စီးပွားရေးအခြေခံအ ဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး အကောင်အထည်ဖော်နေသည်။ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်လာရေးကို ဆတက် ထမ်းပိုး ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းစားသုံးမှုဖူလုံရေးကို ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။
အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို လူတိုင်းလက်လှမ်းမီရေး၊ မျှော်မှန်း သက်တမ်းမြင့် မားရေး၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးနှုန်း ကျဆင်းရေး၊ ကူးစက် ရောဂါနှင့် ကူးစက်နိုင်ခြင်းမရှိသည့် ရောဂါများကြောင့် သေဆုံးမှုလျှော့ချရေးကို ကြိုးပမ်း ဆောင်ရွက် ရမည်ဖြစ်သည်။ ပညာရေးအဆင့် နိမ့်ကျမှုမရှိစေရေးနှင့် လူတိုင်းပညာသင် ယူနိုင်မှု အခွင့်အလမ်းများ ရရှိစေရေး ကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် ယခုအခါ ခရိုင် ၅၀ တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးကျောင်း ၅၁ ကျောင်း ဖွင့်လှစ်နိုင်ရန် အတွက် လိုအပ်သည့် စာသင်ဆောင်နှင့်လက်တွေ့သင်ကြားရေးဆောင်များ တည်ဆောက် ရန် ခွင့်ပြုထားသည်။
သို့ဖြစ်ရာ အသေချာဆုံးသော စီးပွားရေးမြှင့်တင်မှုသည် အခြေခံခိုင်မာပြီး ဖြစ်သည့် ကျေးလက် ဒေသကို အခြေခံသော စိုက်ပျိုးရေးကုန်ထုတ်လုပ်မှုနှင့် မွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အပြည့်အဝအသုံးချပြီး အချိတ်အဆက် မိမိဆောင်ရွက်နိုင်မည်ဆိုလျှင် ကျေးလက်နှင့်မြို့ပြ ကွာဟချက်နည်းပါးလာပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ရာ ကျေးလက် ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလည်း ထင်ဟပ်ပေါ်လွင်လာမည်ဖြစ်ပါကြောင်း။ ။
(ကြေးမုံအယ်ဒီတာ့အာဘော်)