ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၄ / ၂၀၂၃ )
၁၃၈၄ ခုနှစ် ၊ တန်ခူးလဆန်း ၄ ရက်
( ၂၀၂၃ ခုနှစ် ၊ မတ်လ ၂၄ ရက် )
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကို မှတ်ပုံတင်အမှတ် (၂၇)၊ ၁-၆-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၆၇/၂၀၁၀)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။
၂။ အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ က ၂၁-၃-၂၀၂၃ ရက်စွဲပါစာအမှတ်၊ က / ၀၀၁ (အင်း)ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းပေးပါရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ၂၄-၃-၂၀၂၃ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၉ (က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် အတည်ပြုခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။
(ပုံ) သိန်းစိုး
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်