နေပြည်တော် ဩဂုတ် ၂၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် ရုံးအမှတ်(၃၅)ရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ “လောဘအမှောင်” ဆို ငို ပြော ဇာတ်တော်ကြီး လေ့ကျင့်ဇာတ်တိုက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အနုပညာရှင်ဝန်ထမ်းများအား လိုအပ်သည်များ မှာကြားသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနသည် မြန်မာ့ဇာတ်သဘင်၏ အဓိကအကိုင်းအခက်များဖြစ်သော မြန်မာ့ရိုးရာ အနုသုခုမပညာရပ်များဖြစ်သည့် အဆို၊ အတီး၊ အက၊ အငြိမ့်နှင့် ဇာတ်တော်ကြီးတင်ဆက်ကပြမှုများကို စဉ်ဆက်မပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ့သဘင်မှုနယ်ပယ်တွင် ဆို ငို ပြော ဇာတ်တော်ကြီးအပါအဝင် ရိုးရာအနုသုခုမပညာရပ်များ တိမ်ကောပပျောက်လုနီးပါးဖြစ်နေသည့်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနအနေဖြင့် အနုပညာအထက်တန်းကျောင်းများဖွင့်လှစ်၍ မျိုးဆက်သစ်အနုပညာရှင်များကို မွေးထုတ်ပေးလျက်ရှိပြီး ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော ရုပ်သံမီဒီယာများမှတစ်ဆင့် မြန်မာ့ဇာတ်သဘင်၏ အနှစ်သာရကို ဖော်ထုတ်တင်ဆက်ရိုက်ကူး၍ အများပြည်သူကို ပြသနိုင်ရန် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်