နေပြည်တော် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၉၀၊ အလေးချိန် ၃၁ ဒသမ ၅ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃၀ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ် လိန်းလီကျေးရွာအနီး ပင်လောင်း-တပ်ကုန်းသွား ကားလမ်းတွင် ပင်လောင်းဘက်မှ တပ်ကုန်းဘက်သို့ စောဌေးဦး မောင်းနှင်လာသည့် SURF မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၇၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက် တုံး ၉၀၊ အလေးချိန် ၃၁ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူဘလောက်တုံးများကို ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်