Skip to main content

ရှောင်လွှဲမရကြုံတွေ့ကြရမည့်ဘဝဆည်းဆာများ လှပစေရေး

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှု အရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ သန်းဖြစ်ပြီး ယင်းအနက် ဒသမ သန်းကျော်မှာ သက်ကြီးရွယ်အိုဦးရေဖြစ်သည်။ မြန်မာနိုင်ငံတွင်သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုဆိုသည်မှာ အသက် ၆၀ နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုသည်ဟူ၍ ဖွင့်ဆိုထားသည်။

ကမ္ဘာတွင်မူ အသက် ၆၅ နှစ်နှင့်အထက်ကို သက်ကြီးရွယ်အိုများအဖြစ် သတ်မှတ်ထားပြီး ၂၀၁၉ ခုနှစ် World Population Ageing ထုတ်ပြန်ချက်အရ အသက် ၆၅ နှစ်နှင့်အထက် လူဦးရေ သန်း ၇၀၀ ကျော်ရှိနေကာ ၂၀၅၀ ပြည့်နှစ်တွင် ဒသမ ဘီလီယံသို့ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ အရွယ်သုံးပါးကို ဖြတ်သန်းကာ ဘဝ၏ဆည်းဆာအချိန်သို့ရောက်ရှိလာသည့် သက်ကြီးရွယ်အိုများတွင် အားနည်းချက်တို့ရှိလာသလို အားသာချက်များလည်း အများအပြားရှိနေကြသည်။ ရုပ်ပိုင်းဆိုင်ရာအရ ခန္ဓာကိုယ်ကြံ့ခိုင်မှုလျော့ကျလာခြင်း၊ ခွန်အားစိုက်ထုတ်နိုင်မှုနည်းပါးလာခြင်း၊ သက်လုံကျဆင်းလာခြင်း၊ ကိုယ်ခံအားနည်းလာခြင်းကြောင့် ရောဂါဝင်ရောက်မှု လွယ်ကူလာခြင်း၊ စိတ်ပိုင်းဆိုင်ရာအရလည်း မှတ်သားနိုင်စွမ်းလျော့နည်းလာခြင်း၊ အချို့စိတ်ထိခိုက်လွယ်ခြင်း စသည်ဖြင့် အားနည်းချက်များ သက်ကြီးရွယ်အိုဘဝတွင် ဖြစ်ပေါ်လာသည်။ သို့ရာတွင် အားသာချက်များအနေဖြင့် ဘဝဖြတ်သန်းမှုအတွေ့အကြုံအများ အပြားရှိခြင်း၊ ကျွမ်းကျင်မှုနှင့် အသိပညာဗဟုသုတများစွာ ပြည့်စုံကြွယ်ဝခြင်း၊ ဘက်ပေါင်းစုံစဉ်းစားဆင်ခြင်နိုင်စွမ်းရှိခြင်း စသည်တို့ဖြင့်လည်း လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ဆဲဖြစ်သည်။

သို့ရာတွင် သက်ကြီးရွယ်အိုများမှာ လုပ်ငန်းခွင်များမှ အသက်ပြည့်၍ ထွက်ခွာသွားကြရပြီးနောက်တွင် လူမှုအသိုင်းအဝိုင်း တစ်ခုလုံး၏ ပြင်ပသို့ရောက်ရှိသွားခဲ့ရပြီး မေ့လျော့ခံရခြင်းနှင့်အတူ လူ့အခွင့်အရေးများပါ ထိပါးခံရမှုများ ဖြစ်ပေါ်လာသည်။ နေ့စဉ်လူမှုဘဝတွင် ခွဲခြားဆက်ဆံခံရခြင်း (Discrimination) ပူးပေါင်းပါဝင်ခွင့်မရခြင်း (Right to participation) ကျန်းမာရေးစောင့်ရှောက်ခွင့်မရခြင်း (Right to Health) သတင်းအချက်အလက်များမရရှိခြင်း (Right to information) တန်းတူညီမျှမှုမရှိခြင်း (Equality) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မရှိခြင်း (Freedom of expression) စသည့်အခြေခံလူ့အခွင့်အရေးများကို သက်ကြီးရွယ်အိုဘဝတွင် ဆုံးရှုံးနေကြရကြောင်း ဆန်းစစ်လေ့လာမှုများက ဖော်ပြထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံက (၄၆/၉၁) ဖြင့် ချမှတ်ခဲ့သော အခြေခံမူများအရ သက်ကြီးရွယ်အိုများသည် စားဝတ်နေရေးနှင့် ရုပ်ပိုင်းနှင့်စိတ်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုများရရှိခွင့်၊ အခြားဝင်ငွေရှာဖွေနိုင်သည့် အခွင့်အလမ်းများ ရရှိခွင့်၊ အသင်းအဖွဲ့များတွင် ပါဝင်ဖွဲ့စည်းဆောင်ရွက်ခွင့်၊ ရေရှည် ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့အဖွဲ့အစည်း၏ ပညာရေး၊ ယဉ်ကျေးမှုနှင့် အပန်းဖြေမှုဆိုင်ရာ အရင်းအမြစ်များ ရရှိသုံးစွဲခွင့်၊ လူ့ဂုဏ်သိက္ခာနှင့် လေးစားထိုက်သူများဖြစ်စေခွင့် စသည့်အခွင့်အရေးများကို သက်ကြီးရွယ်အိုများ၏ ဘဝလုံခြုံမှုရပိုင်ခွင့်များ ရရှိစေရန် ဖော်ပြထားသည်။ သို့ဖြစ်ရာ သက်ကြီးသူများကို အသက်အရွယ်ကြောင့် ခွဲခြားခြင်း၊ ချန်လှပ်ခြင်းမရှိဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ပါဝင်ဆောင်ရွက်ခွင့်ပေးရန်၊ သက်ကြီးရွယ်အိုတို့၏ စွမ်းအားများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်ရန် ဖန်တီးပေးသွားရမည် ဖြစ်သကဲ့သို့ သက်ကြီးရွယ်အိုတို့၏ ဘဝလုံခြုံရေးအတွက် အစီအမံများ ရေးဆွဲဆောင်ရွက်ကာ လူငယ်လူရွယ် အသက်အရွယ်စုံညီအားလုံး အနာဂတ်တွင် မိမိတို့ကိုယ်တိုင် ရှောင်လွှဲမရကြုံတွေ့ကြရမည့် ဘဝဆည်းဆာများလှပရေး လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်းပေးကြရပါမည့်အကြောင်း။