ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇလပ်ထော်ရေလှောင်တမံရှိ Spill Way ရေကျော်၍ ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သော်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုယ်တိုင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပြုပြင်ခဲ့ပြီးဖြစ်ပါသည်။ ၎င်းဖြစ်စဉ် အမှန်အပေါ်အခြေခံ၍ ရေများဇလပ်ထော်ချောင်းအတွင်းသို့ ဖောက်ထုတ်သွားမည် အနီးရှိရွာများ၌ ရေကြီးမည်ဆိုသည့် သတင်းမှာ လုပ်ကြံသတင်း၊ သတင်းမှားသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
