နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ်၊ ၁၈/၂၀၂၃ (ရန်ကုန်)၊ ၅၈/၂၀၂၂ (ကရင်)၊ ၅/၂၀၂၃ (ရန်ကုန်)၊ ၁၆/၂၀၂၃ (ရန်ကုန်) နှင့် ၂၇/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄၀/၂၀၂၂ (စစ်ကိုင်း)၊ ၈/၂၀၂၃ (ရှမ်း)၊ ၂၀/၂၀၂၃ (ကချင်)၊၂၁/၂၀၂၃(မကွေး)နှင့်၂၄/၂၀၂၃(ပဲခူး)၊ စုစုပေါင်း တရားမအထူး အယူခံ မှု(၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
