Skip to main content

အစဉ်အလာကောင်းဖြင့် နိုင်ငံတော်ကာကွယ်

နိုင်ငံတော်ကို ကာကွယ်လျက်ရှိသည့်၊ တပ်မတော်ကို ထိရောက်စွာပံ့ပိုးပေးလျက်ရှိသည့် လက်ရုံးအဖွဲ့များတွင် အမြောက်တပ်ဖွဲ့လည်းပါဝင်သည်။ စတင်သန္ဓေ တည်ချိန်မှစ၍ ယနေ့ထက်တိုင်ပေးအပ်သောတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အမြောက်တပ်ဖွဲ့၏ (၇၅) နှစ်မြောက်စိန်ရတုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုပြောကြားခဲ့သည်

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီး မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုသွားခြင်းနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ဆူပူ သောင်းကျန်းမှုများ ပေါ်ပေါက်လာခဲ့သည်။ လက်နက်ကိုင်သောင်းကျန်းသူများသည် “ရန်ကုန်အစိုးရအခြေအနေရောက်အောင် ခြိမ်းခြောက်လာခဲ့သည်။ ရန်ကုန်မြို့အင်းစိန်ကို ကရင်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ချိန်တွင် အမြောက်တပ်ဖွဲ့ကို စစ်သည် ၆၃ ဦးဖြင့် အမြန်ဆုံးတိုက်ပွဲဝင်ရန် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ဦးစီးချုပ်က အမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့သည်။ ထိုနေ့သည် အမြောက်တပ်ဖွဲ့ စတင်သန္ဓေတည်သည့်နေ့ဖြစ်သည်။

အမြောက်တပ်ဖွဲ့သည် စတင်ဖွဲ့စည်းစဉ်ကတည်းက အမိန့်နာခံပြီး စစ်စည်းကမ်းကောင်းမွန်သည့် အစဉ်အလာကောင်းများကို ပိုင်ဆိုင်သောအဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။ ပေးအပ်ခဲ့သည့်အမိန့်အတိုင်း သုံးရက်အတွင်းပြင်ဆင်ဖွဲ့စည်းကာ သမိုင်းဝင်အင်းစိန်တိုက်ပွဲတွင် ထူးချွန်ပြောင်မြောက်စွာ ပစ်ကူပေးတိုက်ပွဲဝင်နိုင်ခဲ့သည်။ အမြောက်တပ်ဖွဲ့၏ပစ်ကူပေးမှုနှင့်အတူ တပ်ရင်းတပ်ဖွဲ့များက စွန့်လွှတ်စွန့်စားတိုက်ပွဲဝင်ကြရာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကရင်သောင်းကျန်းသူများပြိုကျပြီး ပဲခူးရိုးမဆီသို့ဆုတ်ခွာသွားရာ တပ်မတော်ကထက်ကြပ်မကွာ လိုက်လံရှင်းလင်းနှိမ်နင်းနိုင်ခဲ့သည့် သမိုင်းမှတ်တမ်းမှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် အမြောက်တပ်ဖွဲ့ စတင်သန္ဓေတည်သည့် ၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲမှစ၍ သမိုင်းကြောင်းတစ်လျှောက် နိုင်ငံတော်ကာကွယ်ရေးတိုက်ပွဲများတွင် ထိရောက်သည့်ပစ်ကူများပေးနိုင်ခဲ့သည်။ မျက်မှောက်ကာလအကြမ်းဖက်သောင်းကျန်းသူများ နှိမ်နင်းရေးတိုက်ပွဲများတွင်လည်း “လိုအပ်သည့်အချိန် လိုအပ်သည့်နေရာသို့ လိုအပ်သောကျည်အရေအတွက် ကျရောက်ပေါက်ကွဲစေရမည် ဆိုသည့် ရည်မှန်းချက်တာဝန်နှင့်အညီ ထိရောက်စွာပစ်ကူတိုက်ပွဲဝင်နိုင်ခဲ့သည့် အမြောက်တပ်ဖွဲ့၏ အစဉ်အလာကောင်းများကို အသိအမှတ်ပြု ဂုဏ်ပြုရမည်ဖြစ်သည်။

အမြောက်တပ်ဖွဲ့သည် တပ်ဖွဲ့၏မူလတာဝန်များသာမက တပ်မတော်၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ နိုင်ငံအတွင်းဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့သည်။ ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ အဖျက်အမှောင့်လုပ်ငန်းမျိုးစုံ ဆောင်ရွက်နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ချေမှုန်းရာတွင် အမြောက်တပ်ဖွဲ့၏ ပြောင်မြောက်သည့် စွမ်းဆောင်ရည်များကို တွေ့ရှိခဲ့ရသဖြင့် အမြောက်တပ်ဖွဲ့၏ တိုက်ပွဲဝင်အသင့်ဖြစ်မှု ကို ဂုဏ်ယူအသိအမှတ်ပြုရမည်ဖြစ်သည်။

မျက်မှောက်ခေတ် သိပ္ပံနှင့်နည်းပညာများ တိုးတက်လာသောကာလတွင် ခေတ်စနစ်နှင့်ကိုက်ညီသည့် ကာကွယ်ရေးစွမ်းအားများ မြှင့်တင်ဆောင်ရွက်နေကြရာ မြန်မာ့တပ်မတော်ကိုလည်း စွမ်းရည်ရှိသည့်ကာကွယ်ရေး၊ စွမ်းအားရှိသည့် ကာကွယ်ရေးဖြစ်လာအောင် မြှင့်တင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၄) တွင် ကာကွယ်ရေးစွမ်းရည်ရှိရန်အတွက် တစ်ဦးချင်း၏လေ့ကျင့်မှုများကို အမြဲမပြတ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ စွမ်းအားရှိရန်အတွက် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံး စွမ်းအားရှိသည့် ပစ္စည်းများဖြစ်ရန်လိုကြောင်း ပြောကြားခဲ့သည်။

မျက်မှောက်ခေတ် သိပ္ပံနှင့်နည်းပညာများ တိုးတက်လာသောကာလတွင် ခေတ်စနစ်နှင့်ကိုက်ညီသည့် ကာကွယ်ရေးစွမ်းအားများ မြှင့်တင်ဆောင်ရွက်နေကြရာ မြန်မာ့တပ်မတော်ကိုလည်း စွမ်းရည်ရှိသည့်ကာကွယ်ရေး၊ စွမ်းအားရှိသည့် ကာကွယ်ရေးဖြစ်လာအောင် မြှင့်တင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄) တွင် ကာကွယ်ရေးစွမ်းရည်ရှိရန်အတွက် တစ်ဦးချင်း၏လေ့ကျင့်မှုများကို အမြဲမပြတ်ဆောင်ရွက်ပေးရန် လိုကြောင်း၊ စွမ်းအားရှိရန်အတွက် အသုံးပြုလျက်ရှိသည့် လက်နက်များ၊ ယန္တရားများ၊ စက်ကိရိယာများနှင့် အသုံးအဆောင်ပစ္စည်းများအားလုံး စွမ်းအားရှိသည့် ပစ္စည်းများဖြစ်ရန်လိုကြောင်း ပြောကြားခဲ့သည်။

သို့ဖြစ်ရာ မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် အမြောက်တပ်ဖွဲ့သည် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဝိုင်းဝန်းကာကွယ်ရင်း မျက်မှောက်ကာလတွင် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော ခေတ်မီအမြောက်တပ်ဖွဲ့အဖြစ် ဝင့်ကြွားစွာရပ်တည်လျက်ရှိရာ စွမ်းအားရှိသည့်တပ်၊ စွမ်းရည်ရှိသည့်တပ်၊ နိုင်ငံတော်ကာကွယ်ရေးအတွက် အားထားရသည့်လက်ရုံးတပ်အဖြစ် ထာဝရရပ်တည်နေမည်ဟု ယုံကြည်ပါကြောင်း။