မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ကမ္ဘာပေါ်ရှိ ပြည်ထောင်စုနိုင်ငံများတွင် မြန်မာနိုင်ငံသည် တစ်မူထူးခြားသည် ဝိသေသလက္ခဏာများ ပိုင်ဆိုင်ထားသည့်နိုင်ငံဖြစ်သည်။ ရေမြေသဘာဝ မတူခြားနားမှုများနှင့်အတူ တိုင်းရင်းသား လူမျိုးတစ်ရာကျော်တို့ ကွဲပြားသော ဓလေ့စရိုက်များဖြင့် နှစ်ပေါင်းများစွာကြာမြင့်အောင် အေးချမ်းစွာ အတူပေါင်းစည်းနေထိုင်ခဲ့သော နိုင်ငံဖြစ်သည်။ ထိုသို့နှစ်ကာလကြာရှည်စွာ ကမ္ဘာအလယ်တွင် တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို မတရားကျူးကျော်စစ် သုံးကြိမ်ဆင်နွှဲပြီး ကိုလိုနီနယ်ချဲ့လက်အောက်သို့ ကျရောက်သောအခါ ကုပ်သွေးစုပ်အမြတ်ထုတ် သွေးခဲအုပ်ချုပ်ခြင်းခံခဲ့ရသည်။ တောင်တန်း-ပြည်ပ စိတ်ဝမ်းကွဲပြားခဲ့ကြသည်။ ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်လိုမှုများကြောင့် တောင်တန်းမြေပြန်၊ ပြည်နယ်-ပြည်မ တစ်ပေါင်းတည်း အတူတကွ လွတ်လပ်ရေးရရှိအောင် အခက်အခဲများစွာဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။
လွတ်လပ်ရေးရရှိသောအခါ သွေးခွဲခံခဲ့ရသည့် အမွေဆိုးကြောင့် လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက် နှစ်ပေါင်း ၇၀ကျော် ကြာခဲ့ပြီဖြစ်သော်လည်း သွေးကွဲခြင်း၏ အမွေဆိုးများကို ယနေ့ထက်တိုင် ခံစားနေရဆဲဖြစ်သည်။ ပြည်ထောင်စုကြီးအတွင်း အတူတကွနေထိုင်လာခဲ့ကြသည် ရှေးကာလက ပြည်ပအန္တရာယ်များကို တိုင်းရင်းသားအားလုံး မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် လက်တွဲပူးပေါင်း ထွန်းလှန်ခဲ့ကြသော်လည်း လွတ်လပ်ရေးစွရှိပြီးသောအခါ စည်းလုံးညီညွတ်မှုပျက်ပြားပြီး ပြည်ထောင်စုသားအချင်းချင်း ပဋိပက္ခများဖြစ်ပွားနေသည်မှာ သတိပြုသင့်သောအချက်ဖြစ်သည်။
ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများသည် ပြည်ထောင်စုအရေးလော၊ တိုင်းရင်းသားအရေးလာ၊ အာဏာထူထောင်လိုမှု၊ ဟူသည်များကို သေချာလေ့လာပြီး ဆင်ခြင်သုံးသပ်ကြည့်နိုင်ရမည်ဖြစ်မည်။
တိုင်းရင်းသားအရေးဆိုလျှင် ဥပဒေဘောင်အတွင်းမှနိုင်ငံရေးနည်းဖြင့် အဖြေရှာလျှင် ရနိုင်ပေသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံရေးနည်းဖြင့် အဖြေရှာဆောင်ရွက်နိုင်ရန်အတွက် စစ်မှန်သည့်ဒီမိုကရေစီလမ်းကြောင်းကို တည်ဆောက်ပေးလျက်ရှိသည်။ ကိုယ်ကျိုးစီးပွားအထွက်ဆိုလျှင် သင်စုကြီးပျက်စီးစေမည့်အရေးဖြစ်၍ ဝိုင်းဝန်းလက်တဲ့ ကာကွယ်ကြရဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသားဒေသများ၌ လက်နက်ကိုင်ပဋိပက္ခများ ဖော်ဆောင်စေခြင်း၊ တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ဆူပူအကြမ်းဖက် ဖျက်ဆီးနှောင့်ယှက်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ပြည်သူလူထုနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာတို့ကို ကြုံခံစားနေကြရသည်။ ထို့အပြင် ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး ဘုရားစေတီပုထိုးများအပါအဝင် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ၊ အဆောက်အအုံစသည်တို့ ပျက်ဆီးမှုများမှာ လွန်စွာအကျည်းတန် အရုပ်ဆိုးလှသည်။ ထို့ကြောင့် ဒေသတည်ငြိမ်အေးချမ်းဖွံ့ ဖြိုးတိုးတက်ရေးကို ထိခိုက်စေရုံသာမက တိုင်းပြည်အတွက်ပါ အန္တရာယ်ရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
လက်ရှိအချိန်တွင် ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းပြည်အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် စည်းလုံးညီညွတ်ရေးကို တည်ဆောက်ပြီး တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်မြှင့်တင်ရမည့်အချိန်အခါဖြစ်သည်။ သက်ဆိုင်သူအားလုံးနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထားဝရငြိမ်းချမ်းရေး ဖြစ်ထွန်းရေးအတွက် အလေးအနက်ထား စဉ်းစားချင့်ချိန်ဆောင်ရွက်သင့်သည့် အချိန်ကာလဖြစ်သည်။ အချိန်မနှောင်းခင်တိုင်းပြည်ကို ပြန်လည်တည်ဆောက်ပြီး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။ အချိန်နှောင်းလျှင် နှောင်းသလောက် တိုင်းပြည်အတွက် အကျိုးယုတ်နိုင်ပြီး အန္တရာယ်ကြီးမား ၁၀ နိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။ အပြုနှင့်အပျက်ကို ခွဲခြားရှုမြင်ပြီး ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်းနှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့ကို အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့၏ ဆန္ဒအမှန်မှာ တိုင်းပြည်အေးချမ်းသာယာဝပြောရေး တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးပင်ဖြစ်သည်။ ပြည်သူလူထု၏ဆန္ဒကို အကောင်အထည်ဖော်ရန်အတွက် တိုင်းရင်းသားပြည်သူများနှင့်အတူ အားလုံးလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားလူမျိုးအားလုံးတို့သည် ပြည်ထောင်စုသားအချင်းချင်း သွေးမကွဲကြဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး နားလည်စာနာမှု၊ ခွင့်လွှတ်မှု၊ ရိုင်းပင်းကူညီမှုတို့ဖြင့် တိုင်းပြည်အေးချမ်းသာယာဝပြောပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည် ပြည်ထောင်စုကြီးဖော်ဆောင်ရေးကို ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။