နေပြည်တော် မတ် ၁၂
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ နိုင်ငံခြားစာစစ်ဌာနအပါဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်္ဂလိပ်စာ ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦးရှိကြောင်း သိရသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၄၆၅၂၃ ဦးရှိပြီး စာမေးပွဲဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၇၂၅ ဦး၊ ပျက်ကွက် ၁၇၇၉၈ ဦးရှိသဖြင့် ဖြေဆိုသူ ၈၇ ဒသမ ၈၅ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်
