Skip to main content

“ပိုးလမ်းမရုပ်ရှင်ပွဲတော်” တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲအတွက် HD ရုပ်သံများဖိတ်ခေါ်

ရန်ကုန်  ဇန်နဝါရီ  ၁၆

“ပိုးလမ်းမရုပ်ရှင်ပွဲတော်” အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရုပ်သံဖိုင်များ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

“ပိုးလမ်းမရုပ်ရှင်ပွဲတော်” ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း ပြည်နယ်ခွဲ မန်စီမြို့တွင် ၂၀၁၈ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပလျက်ရှိရာ ပထမ အကြိမ်ကို ၂၀၁၈ ခုနှစ် မတ် ၁ ရက်မှ ၃ ရက်အထိနှင့် ဒုတိယအကြိမ်ကို ၂၀၁၉ ခုနှစ် ဧပြီ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ပြီး ယခုတတိယအကြိမ် ကျင်းပ မည့်ပြိုင်ပွဲကို ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။


ပထမအကြိမ်ကျင်းပခဲ့စဉ် မြန်မာနှင့် ကိုရီးယားနိုင်ငံ၊ တရုတ်(တိုင်ပေ) တို့အပြင် အခြား ၁၀ နိုင်ငံ ပါဝင်ခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင် မြန်မာ၊ ထိုင်း၊ အမေရိကန်၊ ကနေဒါ၊ ကိုရီးယား၊ ရုရှား၊ ပြင်သစ်၊ ဂျပန်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့နှင့် ဟောင်ကောင်၊ တရုတ်(တိုင်ပေ)တို့ ပါဝင်ခဲ့ကြောင်း သိရသည်။


မူပိုင်ခွင့်နှင့်ပတ်သက်၍ တာဝန်ယူရမည်


“ပိုးလမ်းမရုပ်ရှင်ပွဲတော်” တက်ဟုန်းအပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲအတွက် Micro Film (ကွန်ရက်လွှင့်ရုပ်ရှင်အပါအဝင်) Micro မှတ်တမ်း ရုပ်ရှင်၊ Micro ကာတွန်းရုပ်ရှင်၊ Micro Image Publicity ကြော်ငြာနှင့် Public Service Advertises (PSAs) အများပြည်သူဝန်ဆောင်မှုကြော်ငြာ ပုံစံငါးမျိုး ဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရိုက်ကူးထားသည့်လက်ရာများ ပါဝင်ယှဉ်ပြိုင် နိုင်ကာ ပေးပို့သည့်အခါ မူပိုင်ခွင့်နှင့်ပတ်သက်၍ တာဝန်ယူရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်လက်ရာများကို 4 GB ထက် မကျော်လွန်စေဘဲ MOV, H264 Video Decoding, MPG, MP4, RMVB, AVI, Mainstream Player များဖြင့် ထုတ်လွှင့်နိုင်သော HD အဖြစ် သတ်မှတ်ပေးကြောင်း။


ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထားပေးပို့ရန်


အဆိုပါရုပ်သံဖိုင်များကို တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး (ရန်ကုန်) အမှတ် ၃၃ ၊ လောကနတ်အိမ်ရာ၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဦးဝမ်ကျင့်ယွိ ဖုန်း ၀၉- ၈၉၁၅၀၄၁၆၉သို့လည်းကောင်း၊ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အမှတ် ၅၀ ၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁- ၅၃၄၅၇၄ သို့လည်းကောင်း၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံး (မန္တလေးရုံး) အမှတ် ဓ-၉/၆၃-၇၀ ၊ ၄၃လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့၊ မခင် စန်းယဉ်၊ ဖုန်း ၀၉- ၄၂၆၈၀၂၀၂၁ သို့လည်းကောင်း ဆက်သွယ်ပြီး ဇန်နဝါရီ ၂၈ ရက် နောက်ဆုံးထား၍ ပေးပို့ကြရန် နှိုးဆော်ထားကြောင်း သိရသည်။


မျိုးကျော်အောင်(FDC)