နေပြည်တော် ဒီဇင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်က အဆိုပါအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း ဘဏ္ဍာရေးနှစ်အလိုက် ဆောက်လုပ်ခွင့်ပြုထားသော လေးခန်းတွဲ ခြောက်ထပ်အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာအဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်နေမှုအခြေအနေများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများအား လိုက်လံကြည့်ရှုကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် အိမ်ရာအဆောက်အအုံလုပ်ငန်းခွင်ရှိ တာဝန်ရှိသူများအား တွေ့ဆုံမှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
