(က) ဒို့တာဝန်အရေး (၃) ပါးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်ပြီး တပ်မတော်၏ အဓိကလုပ်ငန်းကြီး (၃) ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များအား ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ရေး။
(ခ) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါ သဘောတူညီချက်များအတိုင်း ဦးတည်ဆောင်ရွက်ရေး။
(ဂ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များမှ ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူလူထု၏ လူမှုဘဝလုံခြုံရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဘက်ပေါင်းစုံကကူညီ ဆောင်ရွက်ပေးရေး။
(ဃ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရေး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး တပ်မတော်ကလိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး။