နေပြည်တော် အောက်တိုဘာ ၆
ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်က ပဲခူးမြို့နယ် ဘောနတ် ကြီးကျေးရွာအထွက် ဘုရားကြီး-ဇောင်းတူ ကားလမ်းပေါ်၌ စစ်ဆေးမှုများ ဆောင်ရွက်နေချိန် စိုးမိုး မောင်းနှင်ပြီး မဇာခြည်ထိုက်နှင့် အောင်အောင်ဖြိုးတို့ လိုက်ပါလာသည့် 2J/---- မက်တူးယာဉ်ကို ရပ်တန့် စစ်ဆေးရာ ယာဉ်၏တူးဘောက် အတွင်းမှ ဩစတြေးလျနိုင်ငံထုတ် Glock 17 အမျိုးအစား ပစ္စတိုသေနတ် တစ်လက်၊ ကျည် အတောင့် ၅၀၊ ကျည်အိမ် နှစ်ခု၊ စိတ်ကြွရူးသွပ် ဆေးပြား ၅၈ ပြား၊ စိတ်ကြွရူးသွပ် ဆေးပြား အကြေမှုန့် ၀ ဒသမ ၀၀၄ ကီလိုနှင့် ငွေကျပ် ၁၁၁၆၀၀ တို့ကို သိမ်းဆည်းရမိသည်။
သိမ်းဆည်းရမိ လက်နက် ခဲယမ်းများကို သီပေါမြို့နေ (စိစစ်ဆဲ) ရှမ်းအမျိုးသားတစ်ဦးထံမှ လည်းကောင်း၊ မူးယစ်ဆေးဝါးများကို မရမ်းကုန်းမြို့နေ (စိစစ်ဆဲ) အမျိုးသားတစ်ဦး ထံမှ လည်းကောင်း ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း ထွက်ဆိုသဖြင့် စိုးမိုး(၃၉ နှစ်)၊ မဇာခြည်ထိုက် (၃၉ နှစ်) နှင့် အောင်အောင်ဖြိုး(၂၄ နှစ်) တို့ သုံးဦး အား လက်နက်အက်ဥပဒေဖြင့် လည်း ကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသတင်းရရှိသည်။
သတင်းစဉ်