Skip to main content

ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူး     အောက်တိုဘာ  ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၀)လုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းများအား အမှီပြု နေရသည့် တည်းခိုခန်း၊ မိုတယ်နှင့် ဟိုတယ် လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှုအား နိုင်ငံတော်မှ အခွန်ဖြေလျော့မှုများ ပြုလုပ်ပေးထားကြောင်း၊ ကိုဗစ်-၁၉ ကာလအလွန်တွင် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာမည်ဖြစ်၍ လိုအပ်သည့် အခန်းများ ပြင်ဆင်ခြင်း၊ ဒေသတွင်း ထပ်မံလည်ပတ်နိုင်သည့် ခရီးသွားလမ်းကြောင်းများ နေရာသစ်များ တိုးချဲ့ခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒေသထွက်လက်မှုပစ္စည်း (အမှတ်တရ လက်ဆောင်)စသည့် လက်မှု သင်တန်းများ၊ ခရီးသွားလမ်းညွှန်လိုင်စင်များ စသည်တို့ကို ယခုအချိန် ကတည်းက ကြိုတင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအတွင်း‌ရေးမှူး ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းများ သက်တမ်းတိုးခြင်း၊ လုပ်ငန်းလိုင်စင် နာမည်ပြောင်းခြင်းနှင့် တိုင်းဒေသကြီးအတွင်း ဟိုတယ်ဇုံနယ်မြေအလိုက် အထိမ်းအမှတ် တံဆိပ်တို့အား တင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များမှ အကြံပြု ဆွေးနွေးခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လိုအပ်သည်များ ထပ်မံလမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)