ပဲခူး အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၈)ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စနစ်ကျသောမြို့ပြများ ဖြစ်ပေါ်လာနိုင်စေရေး ယခုအချိန် ကတည်းက ကြိုတင်စီမံချက်ရေးဆွဲထားရန် လိုအပ်ကြောင်း၊ နောင်အနာဂတ်တွင် ဖြစ်ပေါ် လာမည့် လမ်းဆုံနေရာ၊ လမ်းဖောက်လုပ်ရန်နေရာများ၊ အိမ်ရာမြေများ၊ ဘာသာရေး အသုံးပြုရန်မြေနေရာ၊ အားကစားကွင်း၊ စျေးမြေနေရာ၊ အပန်းဖြေနေရာ၊ ယာဉ်ရပ်ဝင်း၊ ဆေးရုံ၊ ဆေးခန်း၊ မီးသတ်စသည့် ဌာနဆိုင်ရာမြေနေရာတို့ကို မြို့ပြတိုးချဲ့ရာတွင် လျာထားရန်လိုအပ် ကြောင်းနှင့် တက်ရောက်လာသည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင် ဌာနဆိုင်ရာများ ပညာရှင်များမှလည်း ဆွေးနွေးအကြံပြုပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်း သက်နိုင်မိုးက မြို့ပြတိုးချဲ့ရေး စီမံချက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်း တင်ပြခဲ့ရာ တက်ရောက်လာသည့် ကော်မတီဝင်များ၊ ပညာရှင်များမှ လိုအပ်သည်များ ဖြည့်စွက် အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဟိန်းထက်(ပဲခူး)