Skip to main content

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေများအား စက်ရုံအထိုင်ဈေးဖြင့် ရောင်းချ

နေပြည်တော် ဧပြီ ၉

သဘာဝဘေးဒဏ်သင့်ဒေသများရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်သောဘိလပ်မြေများအား ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) နှင့် ဘိလပ်မြေစက်ရုံ (ပြည်ညောင်) တို့မှ စက်ရုံအထိုင်ဈေးဖြင့် ငလျင်ဘေးဒဏ်သင့်ဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ရောင်းချပေးမည်ဖြစ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့များက မှာယူသည့် ဘိလပ်မြေတန်ချိန် ၅၁၀၀ ကျော်ကို ဧပြီ ၈ ရက်မှစတင်ပြီး သက်ဆိုင်ရာဘိလပ်မြေစက်ရုံများမှ အထူးအစီအစဉ်ဖြင့် ပို့ဆောင်လျက်ရှိကြောင်းနှင့် အလားတူပြည်တွင်းရှိ အခြားဘိလပ်မြေစက်ရုံများမှလည်း ရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်