နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) သို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် ငလျင်ဘေးဒဏ်သင့်လူနာများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည်။
ဦးစွာ ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ရှိ ဦးနှောက်နှင့် အာရုံကြောကုသဆောင်နှင့် အရိုးကုသဆောင်တို့၌ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား တွေ့ဆုံ၍ ကျန်းမာရေးအခြေအနေများနှင့် နေထိုင်စားသောက်နေမှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားကာ ဓာတ်ဆားရည်၊ ဒိန်ချဉ်နှင့် အသင့်စားခေါက်ဆွဲဘူးများ ပေးအပ်လှူဒါန်းသည်။
ယနေ့တွင် ကောင်စီအဖွဲ့ဝင်သည် နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀) ရှိ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအတွက် စုစုပေါင်း ဆန်အိတ် ၁၂၀၊ အာလူးပိဿာ ၄၀၀၊ ခရမ်းချဉ်သီး ပိဿာ ၂၀၀၊ ကြက်ဥအလုံး ၁၂၀၀၊ ခေါက်ဆွဲခြောက်လေးဖာ၊ ဒိန်ချဉ်၊ ဓာတ်ဆားရည်များနှင့် ဆေးရုံတက်ရောက်နေသော လူနာဦးရေ ၁၅၀၀ အတွက် နေ့လယ်စာ လှူဒါန်းငွေကျပ် ၁၅ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။
သတင်းစဉ်