၁။ ၂၈-၃-၂၀၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း/ပြည်ပ စေတနာရှင်ပြည်သူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများ ပါဝင်လှူဒါန်းနိုင်ပါသည်။
၂။ အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက KBZ Pay, CB pay, AYA Pay, OK$, Wave Money တို့၏ QR များကို Scan ဖတ်၍လည်းကောင်း၊ KBZ Pay QR code နံပါတ် 70157401001 သို့လည်းကောင်း၊ Wave Money ဖြင့် လှူဒါန်းလိုပါက ဖုန်းနံပါတ်(၀၉-၂၅၅၀၀၁၅၄၂ နှင့် ၀၉-၂၅၅၀၀၁၅၄၃) တို့သို့ တိုက်ရိုက်ပေးသွင်း၍လည်းကောင်း လှူဒါန်းခြင်းများ ဆောင်ရွက်နိုင် ပါသည်။ ထို့ပြင် ဗဟိုဘဏ်မှခွင့်ပြုထားသော မိမိနှစ်သက်ရာ မည်သည့် Digital Wallet သို့မဟုတ် ဘဏ် Mobile Application မှမဆို KBZ Pay MMQR နှင့် CB Pay MMQR၊ OK$ MMQR များကို Scan ဖတ်၍ လှူဒါန်းနိုင်ပါသည်။
၃။ ဘဏ်များမှ လှူဒါန်းလိုပါက မြန်မာကျပ်ငွေကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ငွေစာရင်း အမှတ် OA-011834 ကို ဖွင့်လှစ်ထားပြီး အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ဘဏ်ခွဲတွင် တိုက်ရိုက်ဖြစ်စေ၊ အခြား မြန်မာ့စီးပွားရေး ဘဏ်၊ ဘဏ်ခွဲများနှင့် ပုဂ္ဂလိကဘဏ်၊ ဘဏ်ခွဲများအားလုံးတို့မှ တစ်ဆင့်ဖြစ်စေ ငွေသားဖြင့် ပေးသွင်းလှူဒါန်းနိုင်ပါသည်၊
(ခ) ပြည်တွင်းရှိ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ဘဏ်များတွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းများမှ စာရင်းပြောင်း (Account transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်။
၄။ ၎င်းအပြင် နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများသည် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ်ထားသည့် နိုင်ငံခြားငွေစာရင်းအမှတ် (EDN-600018) သို့လည်း အောက်ပါနည်းလမ်းများဖြင့် လှူဒါန်းနိုင်ပါသည်-
(က) မြန်မာ့စီးပွားရေးဘဏ်တွင် အမေရိကန်ဒေါ်လာ ယူရို၊ စင်ကာပူဒေါ်လာ ငွေသားတို့ဖြင့် တိုက်ရိုက်ပေးသွင်းလှူဒါန်းနိုင်ပါသည်၊
(ခ) မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံခြားငွေစာရင်းရှိသူများမှ စာရင်းပြောင်း (Account Transfer) နည်းလမ်းဖြင့် လှူဒါန်းနိုင်ပါသည်၊
(ဂ) ပြည်တွင်း/ပြည်ပမှ နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုသူများအနေဖြင့် -
- SWIFT CODE - MYEBMMMY
- Beneficiary Name -
Natural
Disaster
Management
Fund
- Beneficiary A/C No-EDN-600018 သို့ လှူဒါန်းနိုင်ပါသည်။
၅။ အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များသို့ ဆက်သွယ် မေးမြန်းလှူဒါန်းနိုင်ပါသည် -
၆။ အလှူပစ္စည်းများကို အောက်ပါအတိုင်း ဆက်သွယ်ပေးပို့လှူဒါန်းနိုင်ပါသည် -
(က) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
( ခ ) ရုံးအမှတ်(၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်။
(ဂ) ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃) ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့။
(ဃ) ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅) လမ်း၊ ၃၄x ၃၅ ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ