နေပြည်တော် ဧပြီ ၁၂
မတ် ၂၈ ရက်က မန္တလေး ငလျင်ဒဏ်ခံစားခဲ့ရသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများအတွက် ရုံးအမှတ် (၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမိသားစုနှင့် အလှူရှင်များ ကလှူဒါန်းထားသည့်အလှူငွေကျပ် ၁၄၁၀၀၀၀၀ဝ အမျိုးသမီးအသုံးအဆောင် ပစ္စည်း၂ ၁ မျိုး၊ စားသုံးဆီ၊ ဆန်၊ ဒန်အိုး၊ စတီး ပန်းကန်၊ စတီးဇွန်း၊ ရေဇလုံ၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ရေသန့်ကတ်များ ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးရုံးနှင့် ဦးစီးဌာနသုံးခုတို့မှ တာဝန်ရှိသူများသို့ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် မိသားစုဝင်များနှင့် ငလျင်ဘေးသင့်ဝန်ထမ်း မိသားစုများကို နှစ်သိမ့်အားပေး စကားပြောကြားခဲ့ပြီး ဝန်ထမ်းများအတွက် ရှေ့ဆက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်