နေပြည်တော် ဧပြီ ၁၆
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြား ဖြစ်ပေါ်ခဲ့ခြင်းအတွက် ဘော့စ်နီးယားနှင့် ဟာဇီးဂိုးဗီးနားနိုင်ငံ သမ္မတရုံးဥက္ကဋ္ဌ မစ္စဂျယ်လီကာ ဆီဂျန်နိုဗစ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့သည်။
အဆိုပါ သဝဏ်လွှာတွင် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ပြင်းထန်သောငလျင်ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်ကို ကြားသိရသည့်အတွက် ဝမ်းနည်းကြေကွဲမိပါကြောင်း၊ မြန်မာနိုင်ငံအပေါ် ဆိုးရွားစွာ သက်ရောက်ခဲ့သည့် အဖြစ်ဆိုးကြီးအတွက် မိမိမှအထူးပင်ဝမ်းနည်း ကြေကွဲကြောင်း၊ ယခုအဖြစ် ဆိုးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲရပါကြောင်းနှင့် ဒဏ်ရာရရှိသူများ အမြန်ပြန်လည် ကောင်းမွန်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်