ပြင်ဦးလွင် ဧပြီ ၁၆
မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလတွင် ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (BE.FALLS) ၌ အေးချမ်းစွာ လာရောက်အပန်းဖြေသူများနှင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ယနေ့သည် သင်္ကြန်အတက်နေ့ဖြစ်သည့် အားလျော်စွာ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) သို့ လာရောက်အပန်းဖြေသူများသည် ခေတ်မီ 5D LED DIGITAL မှန်တံတားနှင့် ကြိုးတံတားများအား ဖြတ်သန်းလမ်းလျှောက်ခြင်း၊ Sky Cable စီးနင်းခြင်း သဘာဝတောတွင်း လျှောက်လမ်းတွင် လမ်းလျှောက်ခြင်း၊ ရေပြင်ဖြတ် Floating Jigsaw အား ဖြတ်သန်းခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ကူးရန်နေရာများတွင် တစ်ဦးချင်းနှင့် အုပ်စုလိုက် အလှဓာတ်ပုံများရိုက်ကူးခြင်း၊ အသစ်ဖွင့်လှစ်ထားရှိသည့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ Roller Coaster ၊ Bumper Car ၊ Tea Cup နှင့် Merry-Go-Round များ စီးနင်းခြင်း၊ Dinosaur Kingdom တွင် လှည့်လည်ကြည့်ရှုလေ့လာခြင်း၊ ချစ်စရာအရွယ်ဆင်လိမ္မာလေးများ၏ သရုပ်ပြဖျော်ဖြေမှုများအား ကြည့်ရှုပြီး ဆင်လိမ္မာကလေးများနှင့်အတူ ရေကစားခြင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန် အငွေ့အသက်များပါရှိသည့် ရောင်စဉ်ခုနစ်သွယ်ရေပန်းလျှောက်လမ်းတွင် လမ်းလျှောက်၍ အေးသင်္ကြန်အငွေ့အသက်များ ခံစားခြင်း၊ လာရောက်အပန်းဖြေသူများအချင်းချင်း ကြည်နူးစွာဖြင့် သနပ်ခါးလိမ်းခြယ်ပေးကြပြီး အပြန်အလှန်ရေပက်ဖျန်းခြင်း၊ ရေတံခွန်အတွင်းရှိ ရေချိုးရေစိမ်နေရာများတွင် အပန်းဖြေအနားယူခြင်း၊ ပြင်ဦးလွင်နှင့် မန္တလေးဒေသထွက်အမှတ်တရလက်ဆောင်ပစ္စည်းများကို လက်ဆောင်ဝယ်ယူခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်