Skip to main content

နယ်စပ်ရေးရာဝန်ကြီးဌာန ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့ (မြန်မာနှစ်ဆန်းတစ်ရက်)  နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပသည်။ 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့်ဇနီး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်ဇနီးများ၊  လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်သည်။

ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ  ၁၀၀၀၀  ကို  ဇီဝိတ ဒါနအဖြစ်  မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြု လွှတ်ပေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်