Skip to main content

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပ

နေပြည်တော် ဧပြီ ၁၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲနှင့် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးအမှတ် (၄၆) ၌ ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ အခမ်းအနားများသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်အတွင်း သို့ ငါးခုံးမသားပေါက်ကောင်ရေ ၃၀၀၀ အား ဘေးမဲ့လွှတ်ပေးကြသည်။

ထို့နောက် နှစ်သစ်ကူးအန္တရာယ် ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာဦးစွာ ပရိသတ်များက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များရွတ်ဖတ်သည့် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားတော်များကို ရိုသေစွာနာယူကြသည်။ ယင်းနောက်ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မတ် ၂၈ ရက်တွင် လှုပ်ခတ်သွားခဲ့သော ပြင်းထန်သည့် မြေငလျင်ကြောင့် ပျက်စီးခဲ့သည့် ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်(၂၆) အဆောက်အအုံ ပြင်ပကားရပ်နားနေရာ၌ အိန္ဒိယနိုင်ငံအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် ယာယီရုံးခန်းများ ဆောက်လုပ်ပေးနေကြသော အိန္ဒိယနိုင်ငံသားများအား သစ်သီးခြင်းလက်ဆောင်ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်