Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဇီဝိတဒါန ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

နေပြည်တော် ဧပြီ ၁၇

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဇီဝိတဒါန ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပရဆေးဥယျာဉ်ရှေ့ရှိ မင်္ဂလာကန်တော်၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် နေပြည်တော် ပရဆေးဥယျာဉ် ရှေ့ရှိ မင်္ဂလာကန်တော်အတွင်းသို့ နှစ်သစ်မင်္ဂလာအဖြစ် ငါးကြင်း သားပေါက်များ မျိုးစိုက်ထည့်ပြီး ကုသိုလ်ပြုခဲ့ကြသည်။

အလားတူ ညနေပိုင်းတွင်လည်း ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးရုံးဝင်းအတွင်းတွင် လေးကျွန်းမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာတော်ငါးပါးအား ပင့်ဖိတ်၍ ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။      

သတင်းစဉ်