Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် စွမ်းအင်ဝန်ကြီးဌာနမိသားစု ဇီဝိတဒါန ငါးလွှတ်ပွဲသို့ တက်ရောက်

နေပြည်တော် ဧပြီ ၁၇

စွမ်းအင်ဝန်ကြီးဌာနမိသားစု၏ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း တစ်ရက်နေ့) ညနေ ၅ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းမဘေးရှိ မင်္ဂလာကန်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်/ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့ ဦးဆောင်ကာ စွမ်းအင်ဝန်ကြီးဌာန မိသားစုက ငါးကောင်ရေ ၉၀၀၀ ကို ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်