နေပြည်တော် ဧပြီ ၁၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယာယီဝန်ထမ်းအိမ်ရာ ဘာရှာတည်ဆောက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ယနေ့နံနက်က ရုံးအမှတ် (၃၁) ၌ ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများ ပျက်စီးယိုယွင်းသွားသည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်အတွင်းရှိ တိုက်အမှတ် ၅၃၅၀ နှင့် ၅၃၅၁ တို့ကိုလည်းကောင်း၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ တိုက်အမှတ် ၃၃၉၉ ကိုလည်းကောင်း ငလျင်ဒဏ်ကြောင့် ဝန်ထမ်းအိမ်ရာများ ကွဲအက်ပျက်စီးမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကြောင်း သိရသည်။
သတင်းစဉ်