ပဲခူး အောက်တိုဘာ ၁၄
အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်း/ခရိုင်/မြို့နယ် စာရင်းစစ်ဝန်ထမ်းများမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် လိုအပ်သော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန်အတွက် ထောက်ပံ့ငွေကျပ်(၂၃)သိန်းအား လာရောက် လှူဒါန်းခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာနှင့် စာရင်းစစ် ဝန်ထမ်များအတွက် Mask နှင့် Face Shield များ ပြန်လည်ပေးအပ်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးတွင် အောက်တိုဘာလ(၁၃)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ Facility Quarantine (၆၈၃)ခု၌ နိုင်ငံသား(၈၀၉၃)ဦးရှိပြီး သံသယလူနာ(၇၃)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၅၅၀)ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)