Skip to main content

ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ရန် အလှူငွေလှူဒါန်း

ပဲခူး    အောက်တိုဘာ ၂၃


ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်နှင့် အရံစေတီများရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ်တွင် ယနေ့ နံနက်(၈)နာရီခွဲက အလှူ ငွေ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုပြုလုပ်ရာတွင် ကွယ်လွန်သူမိဘများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီး ဒေါ်ခင်ကြည်တို့အားရည်စူး၍ သမီးဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်)နှင့် သားများမှ အရံစေတီ တစ်ဆူရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ် (၃)သိန်း၊ ကွယ်လွန်သူ(ဦးစိုး+ဒေါ်သန်းကျင်)၊ (ဦးမြင့်ခိုင်၊ ဒေါလှအိ) တို့အား ရည်စူး၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော် သားမောင် စက်ဝင်း မာန်၊ သမီးမယွန်းဟေမာန်မိသားစုမှ အရံစေတီတစ်ဆူရွှေဆေးသင်္ကန်းကပ်လှူပူဇော် ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ နှစ်ဘက်မိဘများအားရည်စူး၍ ဦးမြသောင်းနှင့် ဇနီး ဒေါ်ကြည်ဌေး မိသားစု ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ရန် အတွက် အလှူငွေကျပ်(၃)သိန်း၊ ဦးမြင့်ခိုင် (ဦးစီးအရာရှိ)နှင့်ဇနီးဒေါ်စန္ဒာမိုး မိသားစုမှ အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် အလှူငွေကျပ်(၃)သိန်း၊ ဦးဖြိုးဝင်းသန်း(ဦးစီးအရာရှိ)နှင့် ဇနီး ဒေါ်မေရတနာစိုးထက် မိသားစုတို့က အရံစေတီတစ်ဆူ ရွှေဆေးသင်္ကန်းကပ် လှူပူဇော်ရန် အတွက် အလှူ ငွေကျပ်(၃)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ နာယကဦးအုန်းမြင့်၊ အတွင်းရေးမှူးဦးဝင်းမောင်နှင့် အရံစေတီတာဝန်ခံဂေါပကဦးတင်အောင်မြင့်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)