နေပြည်တော် အောက်တိုဘာ ၂၉
ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီ အတွင်းရေးမှူး ဦးခေါတိန့် က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူလူထု မဲဆန္ဒရှင်များ အားလုံး မင်္ဂလာပါခင်ဗျ။ ကျွန်တော်ကတော့ ဒီမိုကရေစီပါတီသစ်(ကချင်) ပါတီ အတွင်းရေးမှူး ဦးခေါတိန့် ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဒီမိုကရေစီ ပါတီသစ်(ကချင်) ပါတီသည် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်လျက် ရှိသော တိုင်းရင်းသားပြည်သူလူထုကို အခြေခံဖွဲ့စည်းထားသော ကချင်ပြည်နယ် အကျိုးပြုပါတီ ဖြစ်ပါသည်ခင်ဗျ။
“ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီကို မဲပေးစို့"
“လူသားအားလုံးရှင်သန်ဖို့ NDP(K) နှင့်ပူးပေါင်းစို့”
ပါတီ၏ ရည်မှန်းချက်
(က) ပြည်သူလူထုနှင့်လက်တွဲကာ စစ်မှန်သော ငြိမ်းချမ်းရေးကို ထာဝစဉ် တည်ဆောက်မည်။
(ခ) လက်နက်ကိုင်ပဋိပက္ခလုံးဝချုပ်ငြိမ်းသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထာဝစဉ်တည်ရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်။
(ဂ) တိုင်းရင်းသားပြည်သူလူထုအားလုံး၏ အခွင့်အရေးနှင့် လူမှုစီးပွားဘဝ တစ်ပြေးညီ တန်းတူရည် တူဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက် မည်။
(ဃ) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုနိုင်ငံတော် အဓွန့်ရှည်တည် တံ့ခိုင်မြဲရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်။
ယုံကြည်ချက်
(က) ပါတီသည် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး” တည်းဟူသော အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ယုံကြည်ခံယူ သည်။ ကချင်ပြည်နယ် နယ်မြေဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လာအောင် စနစ်တကျစီမံဆောင်ရွက် ခြင်းဖြင့် ဒို့တာဝန်အရေးသုံးပါးကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဟုခံယူပါသည်။
အခြေခံမူဝါဒ
(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးမူဝါဒကို ခိုင်မြဲစွာ လက်ကိုင် ကျင့်သုံးသွားမည်။
(၂) ပြည်သူလူထုနှင့် လက်တွဲကာ ငြိမ်းချမ်းရေးကို ထာဝစဉ်တည်ဆောက်ပြီး ဒီမိုကရေစီကျင့်စဉ်ကိုအခြေခံ၍ ဒေသအကျိုး ပြည်သူလူထုအကျိုးနှင့် တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်မည်။
(၃) နိုင်ငံတော်၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဒေသတည်ငြိမ်လုံခြုံမှုကို ထိပါးစေနိုင်သည့် အကြမ်းဖက်ဝါဒနှင့် ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက် လာမည့် နယ်ချဲ့ဝါဒတို့ကို ဆန့်ကျင်တွန်းလှန်သွားမည်။
(၄) ပါတီသည် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ပါတီ၏ ဩဇာခံမျှမဖြစ်ရ၊ လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သော နိုင်ငံရေးပါတီဖြစ်ပါသည်။
ပါတီ၏ ဆောင်ပုဒ်မှာ
၁။ “ငြိမ်းချမ်းရေး”Peace
၂။ “တန်းတူညီမျှရေး”Equality
၃။ “စည်းလုံးညီညွတ်ရေး”Unity
၄။ “ဖွံ့ဖြိုးတိုးတက်ရေး” Development ဖြစ်ပါသည်ခင်ဗျ။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဒီမိုကရေစီပါတီသစ်(ကချင်) New Democracy Party(Kachin) NDP(K) မိမိတို့ပါတီသည် နိုင်ငံရေးပါတီများနှင့်အတူ ကချင်ပြည်နယ်တွင် ကိုယ်စား လှယ်လောင်းများက လွှတ်တော်(၃)ရပ်တွင် ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပါသည်။ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင်စုမြန်မာနိုင်ငံတော် ရည်မှန်းချက်ပန်းတိုင်သို့ အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီသည် ကချင်ပြည်နယ် အခြေစိုက်ပါတီဖြစ်ပါ၍ ကချင်ပြည်နယ် ဒေသတိုင်းရင်းသားတို့၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူငယ်၊ အမျိုးသမီး၊ နိုင်ငံ့ဝန်ထမ်းများနှင့် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုစာပေတို့တွင် အစွမ်းကုန်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အလေးအနက် ကတိ သစ္စာပြုပါသည်။
‘‘လူသားအားလုံးရှင်သန်ဖို့ NDP(K) နှင့် ပူးပေါင်းစို့"
“ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီကို မဲပေးစို့"
မဲဆန္ဒရှင်ပြည်သူလူထု၊ တိုင်းရင်းသားများအားလုံး၏ တန်ဖိုးရှိလှစွာသော ဆန္ဒမဲများကို ဒီမိုကရေစီပါ တီသစ်(ကချင်)ပါတီကို မဲပေးကြဖို့ မေတ္တာဖြင့် တောင်းခံအပ်ပါသည်ခင်ဗျ။
အားလုံးကို ကျေးဇူးတင်ပါသည်။
ပါတီ၏သီချင်းစာသား
(၁) သီချင်းခေါင်းစဉ် အမည် = ဒီမိုကရေစီပါတီသစ်(ကချင်)
V1: ဒါဒို့ ပြည် ဒါဒို့မြေ ဒို့ပြည် ဒို့မြေ ဒို့ပါတီ ဒီမိုကရေစီပါတီသစ်(ကချင်) ထွန်းလင်းတောက်ပ နေပြီနော်
CHO; ပြည်သူများရဲ့ ရင်မှာဖွား ပြည်သူအများက ပိုင်ဆိုင်ထား ထိန်းသိမ်း ကြမယ် ဒို့ရိုးရာ ဆောင်ရွက်ကြမယ် ဒို့ဌာနေ ဖွံ့ဖြိုးစေရမည် မိဘပြည်သူ မောင်မယ်များ စည်းလုံးခြင်းသည် အင်အား ဟေးဟေး NDP ကချင်ပါတီ NDP ကချင်ပါတီ NDP ကချင်ပါတီ ထွန်းလင်းတောက်ပ နေပြီနော်
(၂) သီချင်းခေါင်းစဉ် အမည် = ပြည်သူချစ်သည့်ပါတီ
V1: စစ်မှန်သော ပါတီပေါ်ထွက်လာပြီ ပြည်သူတွေ ဝမ်းမြောက်ကြသည် ဒီမိုကရေစီပါတီသစ် ရှေ့ကိုချီ ဒေသအကျိုး သယ်ပိုးသွားမည်
V2; ထာဝရငြိမ်းချမ်းရေး ရှေးရှုပါသည် သာယာဝပြောတိုးတက်ဖို့ရည် ဘာသာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံ လေးစားကာ ထိန်းသိမ်းသွားမည်
Cho; NDP NDP ပြည်သူတွေ အားကိုးထိုက်ပါသည် NDP NDP ပါတီ ဒေသအကျိုး ဦးထိပ်ထားပါမည် အပြောနဲ့အလုပ် လက်တွေ့ပြမည် ဒီမိုကရေစီပါတီသစ်(ကချင်)
