Skip to main content

တရားမအထူးအယူခံမှု (၆) မှုကို စီရင်ချက်ချမှတ်၊ ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော် ဒီဇင်ဘာ ၂၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးသောင်းနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ်(၁)၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၂၁/၂၀၂၅ (မကွေး)၊ ၃၅/၂၀၂၅ (ဧရာဝတီ)၊ ၃၆/ ၂၀၂၅ (မကွေး)၊ ၃၉/၂၀၂၅ (ရန်ကုန်)၊ ၄၀/၂၀၂၅ (မန္တလေး)၊ ၄၄/၂၀၂၅ (မကွေး)၊ စုစုပေါင်းတရားမအထူးအယူခံမှု (၆)မှုကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၉/၂၀၂၅ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှု အမှတ် ၃၈/၂၀၂၅ (မန္တလေး)၊ ၄၁/၂၀၂၅ (ပဲခူး)၊ ၄၇/၂၀၂၅ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူး အယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၃) မှု တို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်